ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာမှ ကျေးရွာသားတစ်ဦး ဇွန် ၂၉ ရက်နံနက် ၉ နာရီ ကျော်ခန့်က သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ နတ်တောင်ကျေးရွာမှ ဦးဦးစောထွန်း (၅၁) နှစ် ဖြစ်ကြောင်း၊ ကျည်ဆံမှာ သေဆုံးသူ၏ လည်ပင်းရှိ ဘယ်ဘက်မှ ညာဘက်သို့ ဖောက်ထွက်သွားကြောင်း နတ်တောင်ကျေးရွာမှ ဦးဦးကျော်က ပြောသည်။

“သူ့မိန်းမက ကြာညိုကန်ရွာကို ကွမ်းညွှန့်သွားရှာတယ်။ အဲဒါကို သူက လှေလှော်ပြီး သူ့မိန်းမကို သွားယူတာ။ ချောင်းက လှေနဲ့ ဖြတ်သွားတာပေါ့။ အဲဒါကို သေနတ်နဲ့ လှမ်းပစ်လိုက်တာ။ သေနတ်ကျည်က ဖောက်ထွက် သွားတယ်။ ပွဲချင်းပြီး အဲဒီနေရာမှာတင် သေတာပါ” ဟု ဦးဦးကျော်က နိရဉ္စရာသို့ ပြောသည်။

နတ်တောင်ကျေးရွာ၏ အနောက်တောင်ဘက်ရှိ အိုးသည်မတောင်တန်းတွင် စစ်တပ်တပ်စွဲ၍ ရှိကြောင်း၊ ၎င်းနေရာကို ခြေလျင် သွားရင် ၁ဝ မိနစ်လောက်ပဲသွားရကြာင်း၊ ကျေးရွာအနီးရှိ မသင်္ကာသောနေရာများကို နေ့စဉ် ထိုနေရာမှ လှမ်းပစ်ခတ်မှုများရှိကြောင်း ဦးဦးကျော်က ဆက်ပြောသည်။

ယခုပစ်ခတ်မှုကို ကျေးရွာသားတစ်ဦးဖြစ်သူ ဦးဦးကျော်က စစ်တပ်က ပစ်ခတ်ခြင်းဟု ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗှိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ် ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ “ကြာညိုကန်ကို သွားလို့ အပြန် အဲဒီက အပြန်မှာ အဲဒီနားက တောင်ကပစ်တယ်လို့ သိရပါတယ်။ ပွဲချင်းပြီး သေသွားပါတယ်” ဟု ပြောသည်။

နေ့လယ် ၃ နာရီခန့်တွင် သူ့အလောင်းအား သင်္ဂြိုလ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က အဆိုပါ နတ်တောင်ကျေးရွာမှ မနှင်းနှင်းဝေ (ခ) မဝိုင်းဘုမှာလည်း နေအိမ်၌ ထိုင်နေစဉ် အဆိုပါ အိုးသည်မတောင်တန်းမှ သေနတ်များဖြင့် လှမ်းပစ်ခတ်၍ ညာဘက်ပုခုံး၌ ကျည်ထိဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...