ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ရွာသား ၅ ဦး နာရေးသို့သွားစဉ် ဖမ်းဆီးခံရ

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ရွာသား ၅ ဦး နာရေးသို့သွားစဉ် ဖမ်းဆီးခံရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ရွာသား ၅ ဦး ဇွန်လ ၂၇ ရက် နံနက် ၈ နာရီခန့်က ပုဏ္ဏားကျွန်းမြို့မှ နာရေးတစ်ခုသို့ သွားစဉ် ဖမ်းဆီးခြင်းခံထားရကြောင်း မိသားစုများက ပြောသည်။

၎င်း ၅ ဦးမှာ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ မောင်ဘိုကျော်သန်း (၂၃)နှစ်၊ မောင်သန်းဝင်းနိုင် (၂၄) နှစ်၊ မောင်ထွန်းအေးမောင် (၂၆) နှစ်၊ မောင်မြင့်ဇော်ဦး (၂၃) နှစ်နှင့် ကိုအောင်အောင် (၃၂) နှစ်တို့ဖြစ်ကြသည်။

ကိုအောင်အောင်၏ ဖခင်တော်စပ်သူ ဦးဦးသိန်းထွန်းက “၅၃၉ တပ်ရင်းက ခေါ်စစ်ဆေးနေတယ်။ ပုဏ္ဏားကျွန်းမြို့က နာရေးတစ်ခုကို သွားစဉ် လမ်းမှာ ဖမ်းဆီးခြင်းခံရပါတယ်။ အဲဒီ ၅၃၉ တပ်ရင်းကို မနေ့က ကျွန်တော်တို့ သွားရောက်ပြီး လူကြီးတွေနဲ့ တွေ့ခွင့်တောင်းတော့ တွေ့ခွင့် မရခဲ့ဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

၎င်းပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅ ဦး၏ မိသားစုဝင်များနှင့် ရပ်မိရပ်ဖများအထဲမှ မောင်ဘိုကျော်သန်း၏ ဖခင်ဖြစ်သူ ဦးစိန်ကျော်သန်းအား အဆိုပါ ၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများက နာရီခွဲခန့်ကြာ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်ပေးလိုက်ကြောင်းလည်း ဦးဦးသိန်းထွန်းက ပြောသည်။

အပေါက်ဝကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကလည်း “သူတို့က ပုဏ္ဏားကျွန်းက သူတို့ရဲ့ သူငယ်ချင်း နာရေးကို သွားကြည့်တာ။ မှန်လုံကားလေးနဲ့ သွားကြတာ။ အဲဒီကိုသွားရင် ၅၃၉ တပ်ရင်းက ဖြတ်သွားရတာ။ အဲဒီမှာ အဖမ်းခံရတာပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

အဆိုပါ ၅၃၉ တပ်ရင်းမှာ အပေါက်ဝကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ တည်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...