မြေပုံမြို့နယ်စညင်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

မြေပုံမြို့နယ်စညင်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာအနီး ဇွန် ၂၇ ရက်နေ့လယ် ၁ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ခြေပြတ်သွားကြောင်း သတင်းရရှိသည်။



အဆိုပါ အမျိုးသမီးမှာ စညင်းကျေးရွာမှ ဦးချမ်းငြိမ်း၏ ဇနီး ဒေါ်နန်းခမ်း (၂ဝ) နှစ်ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပြောသည်။



ဦးမောင်ရွှေသိန်းက “သူတို့လင်မယားနှစ်ယောက်က ကဏန်းမြံှုေးထာင်ဖို့ ရွာနားက ချောင်းကို သွားတာ။ အဲဒီမှာ သူ့ယောက်ျားက လှေပေါ်မှာ ကဏန်းမြံှုးထောင်ပြီး ကျန်ခဲ့တယ်။ သူက ဟင်းသွားခူးတယ်။ အဲဒီမှာ ဟင်းခူးနေရင်း မိုင်းနင်းမိတာ။ ညာဘက်ခြေသလုံးအောက်လောက်က လုံးဝပြတ်သွားတာ ခြေက။ ဘယ်ဘက ခြေထောက်ဘက်မှာလည်း စုတ်ပြတ်ဒဏ်ရာတွေ ရသွားတယ်” ဟု နိရဉ္စရာသို့ ပြောသည်။



စညင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ချောင်း၌ ကဏန်းမြူံထောင်ရန်သွားခြင်းဖြစ်ကြောင်း၊ ယင်းမိုင်းပေါက်ကွဲသည့် နေရာအနီးတဝိုက်တွင် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက နှစ်ဘက် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ယင်းမိုင်းပေါက်ကွဲသည့် နေရာမှ ၄ ဖာလုံခန့်အကွာရှိ အနောက်ဘက်တောင်တွင် တပ်မတော်စစ်ကြောင်း တစ်ခု တပ်စွဲနေထိုင်ခဲ့ကြောင်း ဦးမောင်ရွှေသိန်းက ဆက်ပြောသည်။



အဆိုပါ အမျိုးသမီးမှာ ကရင်လူမျိုးဖြစ်ပြီး စညင်းကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်းလည်း ဦးမောင်ရွှေသိန်းက ပြောသည်။



ယင်းကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းက “မိုင်းပေါက်ကွဲပြီး ခြေပြတ်သွားတယ်။ အခု မိုင်းထောင်တာက ဘယ်ကလဲတော့ မသိပေမယ့် အခုလို ပြည်သူတွေ လုပ်စားနေကြတဲ့ နေရာတွေမှာ မိုင်းထောင်ထားတာကတော့ မဖြစ်သင့်ဘူး။ အန္တရာယ်လည်း များတယ်။ အခုလိုသာ လုပ်နေရင် ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်ခဲ ဖြစ်နေမယ်။ အကြောက်တရားတွေ လွှမ်းမိုးပြီး ဟိုမသွားရဲ၊ ဒီမသွားရဲ ဖြစ်မယ်။ စားဝတ်နေရေး အခက်ခဲ တွေ့လာမယ်ပေါ့။” ဟု ပြောသည်။



ယင်းအမျိုးသမီးအား မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးဆေးရုံသို့ နေ့လယ် ၂ နာရီခွဲခန့်က ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...