လူသားခြင်းစာနာထောက်ထားမှုနှင့်လုံခြုံရေးများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း သံရုံးအဖွဲ့အစည်းများထုတ်ပြန်

လူသားခြင်းစာနာထောက်ထားမှုနှင့်လုံခြုံရေးများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း သံရုံးအဖွဲ့အစည်းများထုတ်ပြန်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတလျှောက်ရှိ မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပိုမိုဆိုးရွားလာသည့် လူသားချင်း စာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်သည့်အစီရင်ခံစာများအပေါ် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း သံရုံးအဖွဲ့အစည်းများက ကြေညာချက်ထုတ်ခဲ့ကြသည်။



ကျောက်တန်းကျေးရွာအုပ်စုတလျှောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရခြင်းသည် ရခိုင်ပြည်နယ်၏ နေရပ်စွန့်ခွာနေထိုင်သူဦးရေကို သိသာထင်ရှားစွာ ပိုမိုများပြားလာစေပါလိမ့်မည်ဟု မြန်မာနိုင်ငံအတွင်းရှိ ဩစတြေးလျ၊ ကနေဒါ၊ ယူကေနှင့် အမေရိကန်သံရုံးများ စုပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင်ပါဝင်သည်။



အထူးသဖြင့် ကိုဗစ်၁၉ နှင့်မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ရပ်ရွာအဖွဲ့အစည်းများက တုံ့ပြန်ဆောင်ရွက်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများကိုလည်း သင့်တော်သည့် အကူအညီ ပေးနိုင်ရေး အတွက် အတားအဆီးမရှိသွားရောက်နိုင်ရေးကိုလည်း ခွင့်ပြုပေးစေလိုတဲ့သဘောထားသံရုံးအဖွဲ့အစည်းများတွင်ရှိနေကြသည်။



ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကိုမီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ရွာသားများအားဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများရှိနေသောကြောင့် မိမိနေရပ်ကိုစွန့်ခွာပြီး အခြားနေရာတွင် ခိုလှုံရန်မဖြစ်နိုင်သည့် ပြည်သူများကို ယင်းတို့နေထိုင်ရာဒေသများတွင်သာ နေထိုင်ခွင့်ပြုရန် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းထားသည်။



အရပ်သားများသည် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်ဖြစ်ပွားနေသော ပဋိပက္ခဒဏ်များကို ဆိုးရွားစွာ ဆက်လက်ခံစားနေကြရသောကြောင့်လက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုသည် အရေးတကြီးလို အပ်နေပါသည်။



အပြည်ပြည်ဆိုင်ရာတရားဥပဒေအတိုင်းလိုက်နာရန်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် မြန်မာတပ်မတော်တွင် တာဝန်ရှိသည်ဟုလည်း ယင်းကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...