ပင်လုံညီလာခံကျင်းပမည့်အချိန်ကာလဟာ နိုင်ငံရေးပါတီတွေအတွက် အကျပ်ရိုက်နိုင်ဟုဆို

ပင်လုံညီလာခံကျင်းပမည့်အချိန်ကာလဟာ နိုင်ငံရေးပါတီတွေအတွက် အကျပ်ရိုက်နိုင်ဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကို လာမည့်ဩဂုတ်လ ဒုတိယပတ်တွင်ကျင်းပရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးချက်ကို နိုင်ငံရေးပါတီအစု အဖွဲ့ဘက်ကလည်း သဘောတူညီခဲ့ကြသည်။

သို့သော် ဩဂုတ်လ ဒုတိယပတ်အတွင်းကျင်းပလျှင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွေပြင်ဆင်ရမယ့်ကာလနှင့် တိုက်ဆိုင်နေတာကြောင့် ကိုယ်စားလှယ်ရွေးချယ်ရေးနှင့်မဲဆွယ်ရေးစည်းရုံးရေးကိစ္စများတွင် အခက်တွေ့လာနိုင်တယ်ကြောင်း သုံးသပ်သူများကဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွှန့်က“ ကျွန်တော်တို့က သဘောမတူဘူး၊ မလုပ်ဘူးပြောရင် ဒီနိုင်ငံရေးပါတီအစုအဖွဲ့က ဒါမှမဟုတ် ဘယ်ပါတီက ငြိမ်းချမ်းရေး မလိုလားတာလားဆိုတဲ့ပုံစံမျိုးဖြစ်သွားရင်လည်း မကောင်းဘူးဆိုတော့ ကျွန်တော်တို့က ငြင်းဆန်ပိုင်ခွင့်ရှိလားဆိုတော့လည်း ငြင်းလို့ကမရဘူး။ ဒါပေမယ့် တကယ်တန်းလုပ်ဟေ့ဆိုရင်လည်း နိုင်ငံရေးပါတီတွေ အတွက်က အခက်ခဲအကျပ်တည်းအရမ်းရှိတယ်။ သူကလာတိုက်ဆိုင်သွားတာကို ” ဟုပြောသည်။

အကြောင်းကတော့ ၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ကျင်းပလျှင် ရွေးကောက်ပွဲကော်မရှင်ကနေ ဩဂုတ်လနောက်ဆုံးထားပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း အတည်ပြုတာကိုလုပ်ဖွယ်  ရှိတယ်လို့‌ပါတီတွေဘက်က သုံးသပ်ကြခြင်းကြောင့်ဖြစ်သည်။

ပင်လုံညီလာခံကျင်းပချိန်သည် ရွေးကောက်ပွဲအတွက်ပြင်ဆင်ရမည့် ကာလများနှင့်နီးကပ်နေသောကြာင့် ပါတီအစုအဖွဲ့များအနေဖြင့်အကျပ်ရိုက်နိုင်ကြောင်း စိုင်းကျော်ညွှန့်ကပြောသည်။

သို့သော်လည်း အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များအနေဖြင့်၂ နှစ်လောက်ကြာအောင်မလုပ်နိုင်ခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးကိုကျင်းပဖို့ စိတ်အားထက်သန်နေကြသည်။

အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်အကြံပေးဦးလှမောင်ရွှေက “နိုင်ငံရေးပါတီတွေရဲ့သဘောထားကစုစည်းရတာတော့ အစိုးရ၊ တပ်မတော်၊ EAOs ဆွေးနွေးတာထက် ပိုတော့အချိန်ယူရတာပေါ့။ ဒါပေမယ့် အခုကျွန်တော်တို့ ဆွေးနွေးနေတာက ရှေ့ကိုဆက်သွားနိုင်မယ့် ဖက်ဒရယ်အခြေခံတွေကိုပဲဆွေးနွေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ သူတို့ကို UPDJC မှာတက်လာတဲ့အချိန်ကျရင်တော့ သူတို့အားလုံးအများစုအနေနဲ့ လက်ခံသဘောတူ မယ်လို့ အပြည့်အဝယုံကြည်ပါတယ်” ဟုပြောသည်။

ထို့ကြောင့် စတုထ္တအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေးကို လာမည့်ဇူလိုင်လဆန်းပိုင်းတွင်အစိုးရ၊ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ရေးထိုးထားသော EAOs အဖွဲ့များ ထပ်မံဆွေးနွေးရန်ရှိနေသည်။

ညီလာခံကျင်းပမည့်ရက်ကို အစုဖွဲ့ သုံးဖွဲ့က ကိုယ်စားလှယ် ၁၆ ယောက်စီပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲဆွေးနွေးမှုကော်မတီ UPDJC တွင်အပြီးသတ်အတည်ပြုမည်ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင်ကျင်းပခဲ့သည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...