မူလတန်းပြဆရာမတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်

မူလတန်းပြဆရာမတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မူလတန်းပြကျောင်းဆရာမတစ်ဦးအား အဓမ္မပြုကျင့်ကာ ပစ္စည်းများလုယက်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံရွှေထူး(ခ)အေးချမ်းကို ဇွန် ၂၅ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါအမှုအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ (၁)နှစ်ခွဲအကြာစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ)အရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တရားခံအား သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူးကျော်ကျော်ဝင်းက ရှင်းပြသည်။

မူလတန်းပြဆရာမသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ရမ်းဗြဲမြို့နယ်ရှိ မိမိနေအိမ်မှ တာဝန်ကျရာ တောင်ရင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်စဉ် ကျောင်းသို့ရောက်ရှိလာခြင်းမရှိခဲ့ပေ။

သို့ဖြစ်၍ ကျောင်းအုပ်ဆရာမကြီးမှ မိသားစုဝင်များထံ အကြောင်းကြားခဲ့သဖြင့် လိုက်လံရှာဖွေကြရာ သပြေကျွန်းကျေးရွာအနီး ကားလမ်းမဘေးတွင် လည်ပင်းညိုမဲဒဏ်ရာနှင့် မအင်္ဂါစပ်တွင် သွေးထွက် ဒဏ်ရာတို့ဖြင့် မူလတန်းပြဆရာမအား သေဆုံးလျက်တွေ့ရှိခဲ့သည်။

ယင်းမူလတန်းပြဆရာမတွင် ပါရှိသည့် ဖုန်းနှင့် နားကပ်တစ်စုံမှာလည်း လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...