ပုဂံတွင် ဟိုတယ်များပြန်ဖွင့်ပြီ

ပုဂံတွင် ဟိုတယ်များပြန်ဖွင့်ပြီ

ပုဂံဒေသတွင် ဇွန်လဆန်းမှစတင်ကာ ဟိုတယ် ၂၁လုံးအား တိုင်းအစိုးရခွင့်ပြု့မိန့်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားကြောင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ပုဂံဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းအောင် ကပြောသည်။

ပုဂံဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးပေါင်း ၁၀၇လုံးရှိသည့်အနက်မှ  ဟိုတယ်ပေါင်း ၅၀ကျော်ခွင့်ပြု့မိန့်လျောက်ထားခဲ့ကြပြီး လက်ရှိမှာ ၂၁လုံးခွင့်ပြု့ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဟိုတယ်များကို ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ အချက် ၅၇ ချက်နှင့် ညီမညီကွင်းဆင်းစစ်ဆေးမှုများလုပ်ဆောင်ပြီး ဇွန်လ ၉ရက်နေ့မှ စတင်ခွင့်ပြု့ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းအောင်က“ကျွန်တော်တို့စစ်ထားတဲ့ဟိုတယ်တွေမှာ ကျွန်တော်တို့ဘက်ကနေသတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်းဧည့်သည်ဘက်ကရော ၊ဟိုတယ်ဘက်ကတော့လိုက်နာရမှာပေါ့လေ။ ဒီအချက်တွေလိုက်နာမယ် ဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းအတွက်လည်းထိခိုက်စရာအကြာင်းမရှိဘူး”ဟု မဇ္ဈိမသို့ပြောသည်။

ဖွင့်လှစ်ထားသည့်ဟိုတယ်များတွင် အဓိကကအနေဖြင့် ဧည့်သည်များနှင့်ထိတွေ့ရသည့် ဧည့်ကြိုဌာန၊ အိပ်ခန်းဆောင်ဌာန၊ စားသောက်ခန်းဌာန ၊ စားဖိုဆောင်ဌာန များမှ ဝန်ထမ်းများသည် လက်အိတ်၊ နှာခေါင်းစည်း face shield တပ်ရမည်။ ဧည့်သည်ကလည်း တပ်လာရမည်ဖြစ်သည်။

ဟိုတယ်သို့လာသောဧည့်သည်များ၏ကားများအားလည်း ပိုးသတ်ဆေးဖြန်းရမည်ဖြစ်သည်။ဘေလ်စင်များ ၊ဟန်းဂျယ်များထားရမည်ဖြစ်ကာဧည့်ကြိုကောင်တာတွင် မှန်သော်လည်ကောင်း ပလပ်စတစ်သော်လည်ကောင်း ကာထားရမည်ဖြစ်ကြောင်းသိရသည်။

COVID-19 ကာလအတွင်း ပြည်ပမှဝင်ရောက်လာသောခရီးသွားလာမှုတွေရပ်ဆိုင်းနေသေးသော်လည်း လက်ရှိဖွင့်လှစ်လိုက်သောဟိုတယ်များသည် ပြည်တွင်း ခရီးသွားများ၏ ခရီးစဉ်များကို ဦးတည်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ခရီးသည်များအနေဖြင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့် ဒေသန္တရညွှန်ကြားမှုများကို လိုက်နာရမှာဖြစ်ပြီး  ပုဂံရှိဘုရားများကို ခွင့်ပြု့ထားသည့်အတိုင်း ဘုရားဖွင့်ချိန် မနက်၉နာရီမှညနေ ၄နာရီအထိဖူးမြှော်နိုင်မှာဖြစ်သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...