အင်တာနက်ပိတ်ထားမှုကို ဆန့်ကျင်ခဲ့သည့် ကျောက်ဖြူမှ လူငယ်နှစ်ဦး အမှုဖွင့်ခံရ

အင်တာနက်ပိတ်ထားမှုကို ဆန့်ကျင်ခဲ့သည့် ကျောက်ဖြူမှ လူငယ်နှစ်ဦး အမှုဖွင့်ခံရ

သီဟ — ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ခြင်း တစ်နှစ်ပြည့်နေ့မှာ “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ” စာတန်းပါ တီရှပ်များဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌တင်ခဲ့သည့် ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းတို့ထံမှသိရသည်။

အမှုဖွင့်ခံရသူ ကိုမင်းဇအောင်နှင့် ကိုနေစိုးခိုင်တို့သည် ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)မှ လူငယ် ရေးရာဗဟိုကော်မတီဝင်များ ဖြစ်ကြသည်။

“ရဲစခန်းကတော့ ဖုန်းဆက်လာတဲ့နေ့က ကျနော်ခရီးလွန်နေလို့ မသွားလိုက်ရဘူး။ ဇွန် ၂၄ ရက်နေ့မှ သွားလိုက် ရတယ်။ ပြီးတော့ အာမခံနဲ့ ပြန်ထွက်လာခဲ့ပါတယ်” ဟု ကိုမင်းဇအောင်က ရှင်းပြသည်

၎င်းတို့နှစ်ဦးအပါအဝင် လူငယ် ၉ ဦးခန့်သည် ရခိုင်ပြည်နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အစိုးရက အင်တာနက်ပိတ်ထားမှု တစ်နှစ်ပြည့်သည့်နေ့ ဇွန်လ ၂၁ ရက်က “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ”စာတန်းပါ တီရှပ်များဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်ပေါ် တင်ခဲ့ကြခြင်းဖြစ်သည်။

“အဲ့ဒီနေ့က ကျွန်တော်တို့ ရခိုင်တစ်ခုတည်းမှာပဲ ဒီလိုမျိုးကမ်ပိန်းကို လုပ်ခဲ့ကြတာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးလိုလားသူတွေ ပါဝင်ခဲ့ကြတာပဲလေ။ ဒီအထဲကမှ ရခိုင်ကလူငယ်တွေကိုချည်း ရွေးပြီး တရားစွဲနေတာက မေးခွန်းထုတ်စရာတွေဖြစ်နေတယ်”ဟု ကိုမင်းဇအောင်ကဆိုသည်။

အလားတူ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုမျိုးမင်းထွန်းမှာလည်း အင်တာနက်ပိတ်ထားမှုကို ဆန့်ကျင်သည့် အင်္ကျီဝတ်ဆင်ကာ မြို့ဝင်ဆိုင်းဘုတ်ရှေ့ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သဖြင့် ငြိမ်းစုစီပုဒ်မ-၁၉ နှင့် ဇွန် ၂၅ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်တရားရုံးက ငွေဒဏ် ၂ သောင်းကျပ်ဆောင်ရန် အမိန့်ချမှတ်ခြင်း ခံရသည်။

ရခိုင်နှင့်ချင်းတွင် အစိုးရမှ အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်၍ အင်တာနက် ပြန်ဖွင့်ပေးရန် နိုင်ငံတကာသံတမန်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ INGO/NGO များနှင့် ဒေသခံများက တောင်းဆိုနေကြသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးပေ။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...