၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝါးတန်ချိန် ၄၀၀ ကျော် တင်ပို့နိုင်ခဲ့

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝါးတန်ချိန် ၄၀၀ ကျော် တင်ပို့နိုင်ခဲ့

မြတ်ဆွေ — ရခိုင်ပြည်နယ်မှထွက်ရှိသောဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဝါးတန်ချိန် ၄၃၅ တန်(အမေရိကန်ဒေါ်လာ ၃၄၈၀၀ တန်ဖိုး)တင်ပို့ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

အဆိုပါဘဏ္ဍာရေးနှစ်တွင် မတ်လအထိသာ ဝါးများကိုတင်ပို့နိုင်ခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ဧပြီနှင့်မေလအတွင်း၌ ဝါးများကို ပို့ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းထားရကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က DMG သို့ ပြောသည်။

“ပစ္စည်းတွေပို့ပြီး ပြန်ဝင်လာတဲ့ ဘုတ်(စက်လှေ)သမားတွေကို quarantine ထားတဲ့အတွက် ကျနော်တို့က နည်းနည်းရပ်ဆိုင်းထားပေမယ့် ကုန်သွယ်မှုကိုတော့ ရပ်ဆိုင်းတာမဟုတ်ဘူး။ ဒီလအတွင်းမှာတော့ ဝါးတွေနည်း နည်းပြန်ပို့ ထားတာရှိတယ်” ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝါးတန်ချိန် ၁၁၇၈ တန်(အမေရိကန်ဒေါ်လာ ၉၄၀၀၀ တန်းဖိုး)အထိ တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ထို့ပြင် မောင်တောမြို့နယ်၌ အကြမ်းဖက်မှုဖြစ်ပွာပြီးနောက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ကြောင့်လည်းကောင်း၊ ဝါးသုံးစွဲမှုနည်းပါးလာခြင်းကြောင့်လည်းကောင်း ဒေသအတွင်း ဝါးအသုံးပြုမှု ကျဆင်းသွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းတို့ကြောင့် ဝါးခုတ်သမားတို့မှာ အခက်အခဲရှိ၍ လုပ်ကိုင်မှုနည်းပါး သွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်ရှိ ဝါး၊ဓနိလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးထံမှ သိရသည်။

“အခုက ရွာနားတွေမှာ တိုက်ပွဲဖြစ်တာတွေရှိတယ်။ လက်နက်ကြီးနဲ့ မိုင်းပေါက်တာတွေရှိတော့ ဝါးခုတ်မယ် ဆိုရင်တောင် တောထဲတောင်ထဲကို မသွားရဲဘူး။ ဒါကြောင့် ကိုယ့်ရွာနဲ့နီးတဲ့နေရာတွေမှာပဲ ခုတ်ရတော့ အဆင်သိပ်မပြေဘူး” ဟု ပြင်ချောင်းကျေးရွာမှ ဝါးခုတ်ရောင်းသူ ကိုအောင်ထွန်းသိန်းကပြောသည်။

ဘူးသီးတောင်မြို့နယ်မှ ပြင်ချောင်းကျေးရွာသားများမှာ ဝါးခုတ်လုပ်ငန်းကိုအဓိကထား၍ လုပ်ကိုင်စားသောက်နေရသော ကျေးရွာတစ်ရွာဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...