နိုင်ငံရေးပါတီ ထူထောင်ရာတွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်)အမည့်သုံးမည် မဟုတ်ကြောင်း ဦးကိုကိုကြီးဆို

နိုင်ငံရေးပါတီ ထူထောင်ရာတွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်)အမည့်သုံးမည် မဟုတ်ကြောင်း ဦးကိုကိုကြီးဆို
by -
မဇ္ဈိမ
၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း)ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီထူထောင်သွားမည် မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းအနေဖြင့်သာ   နိုင်ငံရေးပါတီထူထောင်သွားခြင်းဖြစ်သည်ဟု ဦးကိုကိုကြီးက ဆိုသည်။

"နိုင်ငံရေးပါတီတစ်ခုအဖြစ်နဲ့ ရပ်တည်မယ်။ ဆက်သွားမယ်လို့ ပိုင်းဖြတ်ထားတဲ့ရဲဘော်များက နိုင်ငံရေးပါတီ အဖြစ်နဲ့ သွားမယ်။ သွားတဲ့အခါမှာလည်း တစ်ဦးချင်းအနေနဲ့လာတာ ၈၈(ငြိမ်း/ပွင့်)အနေနဲ့ ပါတီထောင်ဖို့ ကြိုးစားတာမဟုတ်ဘူး" ဟု ဦးကိုကိုကြီးက ဆိုသည်။

ယနေ့ မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့ ရွှေဂုန်တိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကိုကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေးနှင့် ပြည်သူလူထုုအကျိုးစီးပွားကို ရှေးရှုသော မူဝါဒများအား အခြေခံသည့် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို မတ်လ၃၀၊ ၃၁ရက်နေ့ တွင် မြန်မာနိုင်ငံကုုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ခန်းမတွင် ပြုလုပ်ကျင်းပမည်ဟု ဦးမင်းဇေယျာက ပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ရရှိလာမည့် အကြံပြုချက်များကို စုစည်းပြီး ပါတီမူဝါဒများ ပါတီဖွဲ့စည်းပုံများ ရေးဆွဲကာ ၂၀၁၇ နှစ်ကုန်ပိုင်း(သို့) ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင် သွားမည် ဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဦးကိုကိုကြီးက ပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီ ရှိနေပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသော အာဏာရပါတီ ဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...