ရခိုင်တွင် ရဲတပ်ဖွဲ့အင်အားနှင့် လက်နက်များဖြည့်တင်းထား

ရခိုင်တွင် ရဲတပ်ဖွဲ့အင်အားနှင့် လက်နက်များဖြည့်တင်းထား

မြတ်ဆွေ — တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများရှိနေ၍ ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းမှုများရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လက်နက်ခဲယမ်းတို့ကိုပါ ဖြည့်တင်းထားကြောင်း ဒုတိယရဲချုပ်ထံမှ သိရသည်။

“ပြည်မတပ်ရင်းတွေဆိုရင်လည်း တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေမှာ သင်တန်းတွေတက်ပြီးမှ လွှတ်ပေး တာတွေရှိပါတယ်။ ဘယ်လောက် အရေအတွက်တွေ လွှတ်တယ်၊ ဘာလက်နက်တွေ တပ်ဆင်ထားတယ် ဆိုတာတော့ လုံခြုံရေးအရ ပြောလို့မရဘူး” ဟု ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ပြောသည်။

ယခုနှစ်ဇွန်လ ၁၃ ရက်နေ့က ကျောက်တော်မြို့နယ်ရဲစခန်းမှ ရဲအုပ်တစ်ဦးကို အမည်မသိလူနှစ်ဦးမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းမှ ရဲမှူးတစ်ဦးနှင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျောက်တော်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးတို့ ဓားထိုးခံရမှုကြောင့် သေဆုံး သွားခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲကင်းစခန်း၊ ဧပြီလ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်နှင့် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ညောင်ချောင်းနယ်မြေ ရဲကင်းစခန်းတို့ကို AA မှ တိုက်ခိုက်မှုများရှိခဲ့သည်။

ယင်းသို့တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...