ရခိုင်ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံသွားမည်

ရခိုင်ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံသွားမည်

မင်းထွန်း  — လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ဇွန်လ ၂၇ ရက်နေ့တွင် တွေ့ဆုံဆွေး‌‌‌နွေးသွားမည်ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အတွင်းရေမှူး ဦးမျိုးကျော်နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ပါတီဝင်တစ်ဦးတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ယင်းပါတီများမှ သိရသည်။

၎င်းဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်အတွင်းကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး မေးမြန်းသွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီမှ အတွင်းရေးမှူးဦးမျိုးကျော်က ဆိုသည်။

“ရခိုင်ပါတီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အနေအထားနဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်၊မကျင်းပနိုင် ပေါ့နော်။ ကျင်းပမယ်ဆိုရင် ဘယ်နေရာမှာ ကျင်းပမယ်ဆိုတဲ့ဟာမျိုးကိုတော့ သိချင်တယ်ပေါ့လေ”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေး‌နွေး သွားရန် ဖိတ်ကြားထားသော်လည်း မည်သည့်အကြောင်းအရာအား ဆွေးနွေးသွားမည်ကို မသိရှိရသေးကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။

“လောလောဆယ်မှာတော့ အဲဒီတွေ့ဆုံပွဲကို ဘယ်လိုပုံစံ၊ သူတို့လုပ်မလဲဆိုတာကို အသေးစိတ် မသိရသေးဘူး။ တွေ့ဆုံပွဲမှာ သူတို့က ဘာပြောမလဲ၊ နိုင်ငံရေးပါတီတွေကို ဘယ်လိုပုံစံတွေ ပြောဆိုဖို့အတွက် အခွင့်အရေးပေးမလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်”ဟု ၎င်းကပြောသည်။

ပြည်ထောင်စုကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ MELIA ဟိုတယ်တွင် ဇွန်လ ၂၇ ရက်နေ့ တစ်ရက်တည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများကတွေ့ဆုံ ဆွေးနွေးရန်တောင်းဆို၍ ယခုကဲ့သို့ ဖိတ်ကြားလာခြင်းဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...