ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီး ၁၅ ရာခိုင်နှုန်း ပါ၀င်ဆွေးနွေးခဲ့

ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီး ၁၅ ရာခိုင်နှုန်း ပါ၀င်ဆွေးနွေးခဲ့
by -
မဇ္ဈိမ
ချင်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီးကိုယ်စားလှယ် ၁၅ ရာခိုင်နှုန်းပါ၀င်ဆွေးနွေးခဲ့ ကြောင်း ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ ပြောရေးဆိုခွင့်ရှိသူ ပူးရမ်ကုလ်ကျံုးက မတ်လ ၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“ အမျိုးသမီးရာခိုင်နူန်းကို ၃၀ ရာခိုင်နူန်းကို အဓိက CNF ရယ် ၊ ချင်းနိုင်ငံရေးပါတီတွေရယ် CSO တွေရယ် ပါ ပါတယ်။ ၃၀ ရာခိုင်နူန်းတော့ ပါ၀င်စေချင်တဲ့အကြောင်းပေါ့။ ဒါပေမယ့် လက်တွေ့ဖြစ်လာတော့ ကျွန်တော်တို့က ၁၅ ရာခိုင်နူန်းကျော်ကျော်ပဲ ပါ၀င်နိုင်ပါတယ် “  ဟု ၄င်းက ပြောဆိုသည်။

NCA စာချုပ်နှင့် မူဘောင်အရ နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီး ၃၀ ရာခိုင်နူန်းပါ၀င်နိုင်အောင် ကြိုးစားခဲ့သော်လည်း ၁၅ ရာခိုင်နူန်းသာ တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မ တီမှသိရသည်။

 “ ကျွန်မတို့နိုင်ငံမှာကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုတည်းမှာမဟုတ်ပါဘူး အမျိုးသမီးပါ၀င်မှုနှုန်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးမှာ အားနည်းနေသေးတာဖြစ်တယ်။ ဆိုတာ ထပ်ပြီးကြိုးစားလုပ်သွားရမယ့်အရာ ဖြစ်တယ်ပေါ့။ အမျိုးသမီးတွေရဲ့ အဓိပ္ပာယ်ပြည့်ဝစွာပါ၀င်ဖို့နဲ့ အရေအတွက်အားဖြင့်ပဲ မဟုတ်ဘဲ အရည်အသွေးအားဖြင့်ပေ့ါနော်။ အဓိပ္ပာယ်ပြည့်ဝစွာ ပါ၀င်နိုင်ဖို့လည်း အရေးကြီးတယ်ဆိုတော့ ဒါကို တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်  “ ဟု ကျင်းပရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့်အပြင် လူမှုရေးအဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ်ဖြစ်သူ မိုင်သင်းယုမွန်က ပြောဆိုသည်။

ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် လက်ရှိအမျိုးသမီးပါ၀င်နှုန်းမှာ မဆိုးသည့်နှုန်းဖြစ်သော်လည်း ယခုထက်ထိပိုပြီး အမျိုးသမီးကိုယ်စားလှယ်များကို ပိုမိုပါ၀င်ဆွေးနွေးစေချင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
 နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ ပြောရေးဆိုခွင့်ရှိသူ ပူးရမ်ကုလ်ကျံုး က “ သိတဲ့အတိုင်းပဲ ။ ဘယ်ပွဲမှာမဆို အမျိုးသမီးပါ၀င်မှုနှုန်းကတော့ တော်တော်လေးကြိုးစားရတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦးမှ ၁၅၁ ဦး၊ နိုင်ငံရေးပါတီများမှ ၂၀၂ ဦး၊ ချင်းအရပ်ဘက်အဖွဲ့အစည်းများမှ ၁၆၁ ဦး၊ ပါ၀င်သင့်ပါ၀င်ထိုက်သူ ၂၀ ဦးနှင့် ကြီးကြပ်ရေးကော်မတီဝင်များနှင့် လေ့လာသူ ၁၁၈ ဦး စုစုပေါင်း ၆၅၂ ဦး တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်သည်။
သို့သော်လည်း အသင်းအဖွဲ့အသီးသီးမှ အမျိုးသမီးဦးရေ မည်မျှတက်ရောက်ခဲ့သည်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ချင်း လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တတိယနေ့ကို ထန်တလန်မြို့တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ မှ မတ် ၁ ရက်ထိ ၃ရက်ကြာကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအခြေခံမှုများနှင့်ပက်သက်ပြီး ကျားမရေးရာ တန်းတူညီမျှရေးအပါအဝင် အချက် ၉ချက်ကိုဆွေးနွေးခဲ့ကြောင်း ကျင်းပရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

ဘုံသဘောထားနဲ့ အမြင်စုစည်းချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) မှတစ်ဆင့် ၂၁ ပင်လုံညီလာခံသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...