အင်တာနက်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်တစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ

အင်တာနက်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်တစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ

အောင်ကောင်းဇော် — ပိတ်ထားသည့် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့်ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း ယင်းလူငယ်ကွန်ရက်မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ပိတ်ထားသည်မှာ ဇွန်လ ၂၁ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ပိတ်ထားသည့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်တောင်းဆိုသည့် တူညီဝတ်စုံများကို ရမ်းဗြဲမြို့နယ်မှ လူငယ် ၇ ဦးက ဝတ်ဆင်ကာ ဓါတ်ပုံရိုက်ပြီး ဇွန်လ ၂၁ ရက်နေ့က Facebook ပေါ်တင်ခဲ့ကြသည်။

ယင်းသို့ တောင်းဆိုရာတွင် ငြိမ်းစုစီမတင်ခဲ့ဟုဆိုကာ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုမျိုးမင်းထွန်း ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၉ နှင့် ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်ဝင်းက တရားလိုပြုလုပ်ကာ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် အမှုဖွင့်ခဲ့ကြောင်း ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ သိရသည်။

“ငြိမ်းစုစီမတင်ဘဲ လုပ်တယ်ဆိုပြီး အမှုဖွင့်ခံရတယ်။ အခုတော့ ကိုမျိုးမင်းထွန်းအပါအဝင် ကျနော်တို့ ရဲစခန်း ရောက်နေတယ်။ စစ်ဆေးခံနေရတယ်” ဟု ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးထွန်းနိုင်က ဇွန်လ ၂၂ ရက်နံနက်ပိုင်းတွင် ပြောသည်။

အင်တာနက်ဖြတ်တောက်ခံရသည့် ရခိုင်နှင့် ချင်းပြည်နယ်တို့မှ မြို့နယ်အချို့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်း ၁၄ ဖွဲ့မှလည်း အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုထားကြပြီး အင်တာနက်ပိတ်ထားခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်မှ လူဦးရေတစ်သန်းခန့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှု ပြတ်တောက်နေရကြောင်းလည်း ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...