မလေးရှားတွင် ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ကို ပြန်မခေါ်နိုင်သေး

မလေးရှားတွင် ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ကို ပြန်မခေါ်နိုင်သေး

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ကို ပြန်‌ခေါ်နိုင်ခြင်းမရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောသည်။

ထိုအကြောင်းအား ဇွန်လ ၁၉ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးမှုတွင် မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က"တရားဝင်သွားနေတဲ့အလုပ်သမားနဲ့ တရားမဝင်သွားနေတဲ့အလုပ်သမားနှစ်ခုကို မြန်မာပြည်ကိုပြန်ပို့ဖို့ ကျွန်တော်တို့စဉ်းစားတဲ့အခါမှာ တရားဝင်သွားတဲ့သူကလွယ်ပါတယ်။ တရားမဝင်သွားတဲ့သူတွေက အနည်းဆုံးအားဖြင့် အထောက်အထားမရှိဘူးဆိုလို့ရှိရင် သူတို့နိုင်ငံကိုခိုးဝင်တာလားလို့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုရင် ပုံမှန်အားဖြင့်တော့ တရားစီရင်မှုကိုတော့ ခံရပါသေးတယ်။ အကုန်လုံးကိုပြန်ခေါ်ဖို့ တဖြေးဖြေးချင်းစီစဉ်နေပါတယ်။ စီစဉ်တဲ့အခါမှာလည်း ခုနကပြောသလို လူဝင်မှုကြီးကြပ်ရေးဥပဒေကို ဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေရှိပါတယ်။ ဒီနိုင်ငံသားတွေထဲကမှ သူသတ်မှတ်တဲ့ ကာလပြီးသွားတဲ့အခါမှာ ပြန်ပို့နေတာရှိပါတယ်။ အခုကျွန်တော်တို့အကျဉ်းကျနေတဲ့ကာလကနေပြီးတော့ မြန်မာနိုင်ငံကိုပြန်ပို့နိုင်ဖို့အခြေအနေပေးတဲ့သူက ၃၀၀၀လောက်ရှိပါတယ်။ ကျွန်တော်တို့မခေါ်နိုင်သေးပါဘူး"ဟု ပြောသည်။

မလေးရှားအစိုးရသည် COVID-19 ကာလမဖြစ်ပွားခင်အချိန်တွင် ၎င်းနိုင်ငံတွင်ရှိနေသည့် အထောက်အထားမဲ့နေထိုင်သူများအား မကြာခဏ မူလနေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးတာမျိုးရှိခဲ့သည့်အတွက် မလေးရှားနိုင်ငံတွင် ယခုလက်ရှိအထောက်အထားမဲ့နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မျှော်လင့်ချက်များအား မည်သို့သောအခါမှ မစွန့်လွှတ်လိုက်ပါနှင့်ဟု အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဆိုသည်။

၎င်းက"အခု COVID-19 ကာလမှာတော့ မလေးရှားအစိုးရအနေနဲ့ ဒီအစီအစဉ်လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ကော်မာရှယ် အဲလိုင်းမရှိဘူး။ အများစုက ကော်မာရှယ် အဲလိုင်းနဲ့ပြန်ကြတာဖြစ်တယ်။ ဒါကြောင့် COVID-19ကျော်လွန်တဲ့ကာလမှာတော့ ဒီအစီအစဉ်တွေ ပြန်လည်ဖော်ဆောင်လာနိုင်ပါလိမ့်မယ်။ ပြန်လည်ဖော်ဆောင်နိုင်အောင်လည်း ကျွန်တော်တို့ မလေးရှားအစိုးရနဲ့ တိုင်ပင်ပါမယ်၊ ညှိနှိုင်းပါမယ်၊ ဆွေးနွေးပါမယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ စုစုစည်းစည်းနေပါ။ တစ်ဦးနဲ့ တစ်ဦးကူညီကြပါ။ ခုနက ကျွန်တော်ပြောသလိုပေါ့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုတော့ မလျှော့ကြပါနဲ့ မြန်မာနိုင်ငံက အားလုံးကို ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်"ဟု ဆိုသည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများအား ပြန်ခေါ်နေသော်လည်း ပြည်တွင်း၌ COVID-19 ကူးစက်ပျံ့ပွားမှုမရှိစေရန် သတိထားနေရကာ ပြန်လာသည့်သူများအား ကွာရန်တင်းစင်တာများတွင်ထား၍ ထိန်းသိမ်းဆောင်ရွက်နေရသည်ဟု သိရသည်။

"အဓိက အရေးကြီးတာက ဒီပြန်လာတဲ့လူတိုင်းကို ကွာရန်တင်းစင်တာမှာထားဖို့အရေးကြီးပါတယ်။ မဟုတ်လို့ရှိရင် တစ်ချိန်ထဲမှာ မြန်မာနိုင်ငံသားတွေကို ပြန်လာအောင်လည်း ကျွန်တော်တို့ ကြိုးစားနေတဲ့အချိန်မှာ ၅၂သန်းသော ပြည်သူတွေ ရောဂါပိုးမကူးရေးကလည်း ဒါအစိုးရက ဦးစားပေးလုပ်နေရတဲ့ လုပ်ငန်းဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

မလေးရှားနိုင်ငံသို့ တရားမဝင်နှင့် တရားဝင်ပါ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စုစုပေါင်း ငါးသိန်းနီးပါးရှိကာ မေလကုန်ပိုင်းမှ ဇွန်လ ၂၁ရက်နေ့အထိ မြန်မာနိုင်ငံမပြန်ရခြင်းကြောင့် စိတ်ကျရောဂါရကာ ကိုယ့်ကိုယ်ကို  အဆုံးစီရင်သွားသူ ရှစ်ယောက်အထိရှိနေပြီဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...