စစ်တွေတွင် မုန့်ရောင်းချနေသည့် မိန်းကလေးငယ်တစ်ဦးသေဆုံးသည့်ကိစ္စ လူထုစိတ်ဝင်စားမှုမြင့်တက်နေ

စစ်တွေတွင် မုန့်ရောင်းချနေသည့် မိန်းကလေးငယ်တစ်ဦးသေဆုံးသည့်ကိစ္စ လူထုစိတ်ဝင်စားမှုမြင့်တက်နေ

ခင်သရဖီဦး — ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မုန့်လှည့်လည်ရောင်းချနေသော အမျိုးသမီးငယ်တစ်ဦးမှာ ဦးခေါင်းထိခိုက် ဒဏ်ရာနှင့် သေဆုံးသွားမှုအပေါ် ပြည်သူများမှ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေသည်။

အဆိုပါအမျိုးသမီးငယ်မှာ မုန့်ရောင်းချရန်အတွက် ဇွန် ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ထိုနောက် ဇွန် ၁၉ ရက် ညနေ ၄ နာရီခန့်တွင် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ မင်းဘာကြီးလမ်း ထောင့်ရှိ ဆောက်လုပ်ဆဲ(၄)ထပ်အဆောက်ဦး၏ တတိယထပ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် သတိမဲ့ နေသည့်သူမကို ဆောက်လုပ်ရေးလုပ်သားများမှတွေ့ရှိကာ လူမှုကူညီရေးအသင်းအကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဇွန် ၂၀ ရက်နေ့နံနက်ပိုင်း၌ အဆိုပါအမျိုးငယ်မှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်၊၊

“ကျနော်ယူဆတာက မုဒိန်းမှုကျူးလွန်ဖို့အတွက် သတ်တာဖြစ်တယ်လို့ ယူဆပါတယ်။ ကျနော်သမီးမှာက လက်ဝတ်လက်စားတွေလည်း အဲဒီလောက်လည်းမပါဘူး။ မုန့်ကလေးတစ်ဗန်းရောင်းတာလည်း အများဆိုရင် ငွေကျပ်ရှစ်ထောင်ကိုးထောင်ပါပဲ။ သူတို့ မုဒိန်းကျင့်ဖို့အတွက် ခေါ်ပြီးသတ်တာပဲရှိမှာပါ ”ဟု သေဆုံးသူ၏ ဖခင် ဦးမောင်ဝင်းဌေးကဆိုသည်။

သေဆုံးသူမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (ခ)အပိုင်းမှ ဦးမောင်ဝင်ဌေးနှင့် ဒေါ်သန်းသန်းနုတို့၏ သမီး အသက်(၁၃)နှစ်အရွယ် မခင်စိုးနွယ် စတုတ္ထတန်းကျောင်းသူဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေ့က မိုးသည်းထန်စွာရွာသွန်း၍ ဆောက်လုပ်ဆဲအဆောက်အဦ၏ လုပ်ငန်းခွင်ကို ရပ်နား ထားသော်လည်း ယင်းအဆောက်အဦးတွင် လူတစ်ဦးမှာ အမြဲနေထိုင်လျက်ရှိကြောင်း၊ ၎င်းမှာ လက်ရှိအချိန်၌ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း အခင်းဖြစ်ပွားရာပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။

သေဆုံးသူအမျိုးသမီးငယ်အား ဆေးစစ်ဆေးရာတွင် မုဒိန်းမှုကျူးလွန်ခဲ့ခြင်းမရှိကြောင်းနှင့် ဦးခေါင်းထိခိုက် ဒဏ်ရာဖြင့် သေဆုံးခြင်းသာဖြစ်ကြောင်း စစ်တွေမြို့နယ်ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ မောင်မောင်ဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းသို့ DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

ယင်းဖြစ်စဉ်အပေါ် စိတ်ဝင်စားမှုရှိသည့် စစ်တွေမြို့မှလူထုများမှာ စစ်တွေမြို့မရဲစခန်းရှေ့တွင် ယနေ့ညနေ ပိုင်းက စုရုံးရောက်ရှိလာကြသဖြင့် ရဲစခန်းရှေ့တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရဲစခန်းရှေ့သို့ ရောက်ရှိလာသူများကို မေးမြန်းချက်အရ အခင်းဖြစ်ပွားမှုတွင်ပါဝင်သူများကို ဖမ်းဆီးထား ပြီဟု သတင်းများကြားနေရကြောင်း ပြောဆိုကြသော်လည်း စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြဦးကို DMG က မေးမြန်းရာတွင် မည်သည့်ကိစ္စကြောင့် လူစုလူဝေးဖြစ်နေသည်ကို မသိရှိကြောင်း တုန့်ပြန်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...