မောင်တောဒေသသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူများကိစ္စတွင် လုံခြုံရေးတာဝန်ရှိသူများ ပါဝင်နေ

မောင်တောဒေသသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူများကိစ္စတွင် လုံခြုံရေးတာဝန်ရှိသူများ ပါဝင်နေ

အောင်ထိန် — ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မောင်တောဒေသသို့ တရားမဝင် ဝင်ရောက်လျက်ရှိနေသည့် ကိစ္စများတွင် လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတရုံး၌ ဇွန်လ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လူမှောင်ခိုပွဲစားတွေရှိတယ်။ ပြီးတော့ လုံခြုံရေးဘက်က တာဝန်ရှိတဲ့လူတွေနဲ့ ပေါင်းပြီး လူသွင်းတာတွေ၊ မူးယစ်ဆေးဝါးတွေ သွင်းတာရှိတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထိုသို့ တရားမဝင် ဝင်ရောက်လာသူများကို လဝကဥပ‌ဒေဖြင့် အရေးယူသွားမည့်အပြင် တရားမဝင် ဝင်ရောက် လာသူများကို လက်ခံထားသူများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မောင်တောနယ်စပ်တစ်လျှောက် ခြံစည်းရိုးကာထားသော်လည်း သားငါးရှာစားနေကြသည့်လှေသမားများ ဝင်ထွက်သွားလာနေသည့် ချောင်းမြောင်းများရှိနေသဖြင့် ယင်းနေရာများကို ခြံစည်းရိုးကာ၍ အဆင် မပြေကြောင်း ၎င်းကရှင်းပြသည်။

ကိုဗစ်ကာလအတွင်း တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုများကို အစိုးရက ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်လာသူ ၈၁ ဦးအထိ ရှိနေပြီကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထိုသို့ တရားမဝင် ရောက်ရှိလာသူများထဲမှ မောင်တောမြို့နယ်တွင် ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၃ ဦး တို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉ ဦးအထိရှိလာပြီဖြစ်သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...