အင်တာနက်ပြန်ဖွင့်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့ ၈၀ ခန့်က သမ္မတထံ အိတ်ဖွင့်ပေးစာပို့

အင်တာနက်ပြန်ဖွင့်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့ ၈၀ ခန့်က သမ္မတထံ အိတ်ဖွင့်ပေးစာပို့

ခင်သရဖီဦး—ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် (၁)နှစ်ကြာ အင်တာနက် ဖြတ်တောက်ထားခြင်းအား ပြန်လည်ဖွင့်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၈၀ ခန့်က ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်သည်။

ထိုသို့ပေးပို့ရာတွင် ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ အပါအဝင် အဖွဲ့အစည်း(၇၈)ဖွဲ့ ပါဝင်သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဖြစ်ပွားနေသောနေရာများတွင် အင်တာနက်ဖြတ်တောက်ထားခြင်းမှာ အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးမဖြစ်စေဘဲ ဒေသအတွင်းမတည်ငြိမ်မှု များလာနေ ခြင်းကြောင်း ပြန်လည်ဖွင့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ စောစံငြိမ်းသူက ပြောသည်။

“အင်တာနက်ပိတ်ထားတာက ဒေသတည်ငြိမ်းအေးချမ်းမှုကို မဖြစ်စေဘဲ ပိုပြီးတော့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတာရှိတယ်။ အခုလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အတွက် အပြစ်မဲ့ ပြည်သူလူထုတွေက အင်တာနက်မပိတ်ခင် အချိန်ကထက် ပိုပြီးသေဆုံးမှုတွေ ၊ ဒဏ်ရာရလာတာတွေ ပိုများလာတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အင်တာနက်ပိတ်ထားခြင်းကြောင့် စီးပွားရေးအခက်ခဲများ၊ ပြည်သူတို့ သတင်းအချက်အလက်များ ကိုလည်း အချိန်နှင့်တစ်ပြေးညီမရနိုင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ပိုမိုတိုးစေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ အိတ်ဖွင့်ပေးစာမှာ မတရားအသင်း ဆက်သွယ်မှုများဖြင့် တရားစွဲဆိုခံထားရသည့် အယ်ဒီတာများနှင့် ယင်းတို့၏ အမှုများကို ပြန်လည်ရုတ်သိမ်းပေးရန် ၊ ဒေသဆိုင်ရာ အင်တာနက်သတင်းစာမျက်နှာ(website)များကို ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် ရခိုင်ပြည်၏ မြေပြင်အခြေအနေမှန်များကို မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက် ပြည်တွင်းပြည်ပ သတင်းထောက်များကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် တောင်းဆိုထားသည်။

ထို့ပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများတွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် INGO၊ NGO အဖွဲ့များမှ သွားရောက်ကူညီပေးနိုင်ခွင့်ရရှိရန် အစိုးရမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆိုထားသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် အင်တာနက်ပြန်ဖွင့်ပေးရန်အဆိုကို အတည်ပြုထားပြီး ယခင်ကလည်း ရခိုင်ကျောင်းသားလူငယ်များနှင့် ရန်ကုန်ရှိ အသံအဖွဲ့တို့မှ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှု မရှိခဲ့ပေ။

ပုံစာ - မြောက်ဦးဒေသခံများသည် အင်တာနက်ပေါ်မှ သတင်းအချက်အလက်များ ရရှိရန်အတွက် အင်တာနက်လိုင်း အနည်းငယ်မိသော ဘုရားတောင်များပေါ်တွင် ခက်ခက်ခဲခဲ သွားရောက်သုံးစွဲနေရသည်။(ဓာတ်ပုံ- ချမ်းအေး)

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...