ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုအဆို မဲအပြတ်အသတ်ဖြင့်ရှုံးနိမ့်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုအဆို မဲအပြတ်အသတ်ဖြင့်ရှုံးနိမ့်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် ကိုကိုးကျွန်းမဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးတင်ဝင်းအပါအဝင် ကိုယ်စားလှယ် ၃၂ ဦးက  စွပ်စွဲပြစ်တင်ထားမှုဟာ မှန်ကန်မှုမရှိဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဇွန်လ ၁၈ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး (၃/၂၀၂၀)မှာ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအပါအဝင် ကိုယ်စားလှယ် ၃၂ဦးရဲ့ စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့စစ်ဆေးခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အဲဒီစစ်ဆေးတွေ့ရှိချက်တွေကို ဖတ်ကြားခဲ့ပါတယ်။

အဲဒီလို စစ်ဆေးတွေ့ရှိချက်ကိုဖတ်ကြားခဲ့ပြီးနောက် လွှတ်တော်မှာအဆုံးအဖြတ်ရယူဖို့အတွက်  မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မဲပေးခွင့်ရှိသူပေါင်း ၁၁၇ဦး၊ ထောက်ခံမဲ ၂၅ မဲ၊  ကန့်ကွက်မဲ ၇၇ မဲနဲ့ကန့်ကွက်သူအရေအတွက်များတဲ့အတွက် စွပ်စွဲပြစ်တင်မှုအဆိုဟာ  ရှုံးနိမ့်သွားခြင်းဖြစ်ပါတယ်။

အဆိုကိုမဲခွဲဆုံးဖြတ်တဲ့နေရာမှာ အဆိုဟာရှုံးနိမ့်ခဲ့တဲ့အတွက်စွပ်စွဲပြစ်တင်မှုဟာ  မှန်ကန်မှုမရှိဘူးလို့  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းကလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် ပြောကြားခဲ့ပါတယ်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအပါအဝင် ကိုယ်စားလှယ် ၃၂ဦးရဲ့ စွပ်စွဲပြစ်တင်မှုှုမှာတော့ ကျောင်းကားကိစ္စ၊ ရန်ကုန်မြို့သစ်စီမံကိန်းဆောင်ရွက်မှု၊ COVID-19 ကာလအတွင်း လှိုင်သာယာမြို့မှာ အခြေခံစားသောက်ကုန်ဝေငှမှုမှာ လူစုလူဝေဖြစ်စေမှု၊ ဗိုလ်တထောင် ဘုရားမှာ ရှင်ဥပဂုဋ္ဌမထေရ်မြတ် ဖောင်တော်မျှော်ခြင်းကိစ္စစတဲ့ အကြောင်းအရာတွေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အဖွဲ့ဝင်တွေအဖြစ် မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)က ဦးရန်အောင်နဲ့ စမ်းချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)က  ဦးသော်တာအောင်၊ အင်းစိန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)က ဦးဝေဖြိုးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ် (ရန်ကုန်တိုင်းလွှတ်တော်ရုံး) တို့က စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...