ရွေးကောက်ပွဲအတွက် အဆင့်သင့်လုပ်ထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

ရွေးကောက်ပွဲအတွက် အဆင့်သင့်လုပ်ထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

မင်းထွန်း — တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်၌ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုက ကျင်းပမည်ဟု ညွှန်ကြားလာလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အဆင်သင့်လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ လုပ်ငန်းအကုန်လုံး လုပ်ထားတယ်။ ပြည်နယ်ကော်မရှင်ဆိုတဲ့အခါကျတော့ ရခိုင်ပြည်နယ်အတွင်းမှာ လုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ အစီအစဉ်အကုန်လုံးပဲ ဒီအချိန်မှာ လုပ်ဆောင်လို့ရတာ မှန်သမျှတော့ အကုန်လုံးလုပ်ထားတာပဲ။ ရာခိုင်နှုန်းအပြည့်ပေါ့” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို အပြောင်းအလဲမရှိဘဲ နိုဝင်ဘာလအတွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် “ဝ” ဒေသတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထဲရေးနှင့် ကာကွယ် ရေးဝန်ကြီးဌာနများသို့ မေးမြန်းထားသော်လည်းအကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP)အနေဖြင့်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် လောင်းများစာရင်းကို ပါတီဗဟိုဌာနချုပ်သို့ ယခုလ ၂၅ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားထားသည်။

“မြို့နယ်တွေကို ကိုယ်စားလှယ်လောင်းတွေ စိစစ်ရေးအဖွဲ့ ဖွဲ့ကြမယ်ဆိုပြီးတော့ ညွန်ကြားစာထုတ်ထားတဲ့ အဆင့်ကိုတော့ လုပ်နေကြပြီ။ ရွေးချယ်သွားမှာကတော့ လုပ်ငန်းအဆင့်ဆင့်ရှိတယ်၊ မြို့နယ်ရှိမယ်၊ဗဟိုရှိမယ်” ဟု ANP ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(USDP)ပါတီ တို့ မှာလည်း မြို့နယ်အသီးသီးမှ ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်များစာရင်းကို ဇွန်လနောက်ဆုံးပတ်တွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါ ပါတီနှစ်ခုထံမှသိရသည်။

သို့သော် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး မည်မျှသေချာမည်ကိုမသိရှိနိုင်သေးပဲ ဒေသခံပြည်သူများအနေဖြင့်လည်း စိတ်ဝင် စားမှုနည်းပါးနေသည်ကို တွေ့ရှိရသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...