ကိုဗစ်ကာလအတွင်း သီလရှင်များ အကျပ်အတည်းဖြစ်နေ

ကိုဗစ်ကာလအတွင်း သီလရှင်များ အကျပ်အတည်းဖြစ်နေ

မျိုးသီရိကျော် — ကပ်ရောဂါ့ကာလအတွင်း အလှူရှင်များနည်းပါးလာနေသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သီလရှင်များ အခက်အခဲဖြစ်ပေါ်နေရကြောင်း သီလရှင်များထံမှသိရသည်။

အလှူရှင်များမှာလည်း စီးပွားရေးအဆင်မပြေမှုများရှိနေသဖြင့် လှူဒါန်းမှုများမှာ ယခင်ထက်နည်းပါးလာ နေကြောင်း စစ်တွေမြို့ ကျားရုပ်သီလရှင်စာသင်တိုက်မှ စာချပုဂ္ဂိုလ် သီလရှင်စရဏသိင်္ဂီက DMG သို့ မိန့်သည်။

“လူတွေကလည်း အခက်အခဲတွေနဲ့ စီးပွားရေးတွေ အဆင်မပြေကြဘူး။ သူတို့မပြေရင် ဆရာလေးတို့ အဆင်မပြေတာနဲ့ တူတူပဲလေ။ စားရတာလည်း အရင်ထက် လျှော့ပြီးတော့စားရတယ်။ ကျပ်ကျပ်တည်းတည်းနဲ့ စားသောက် နေရတယ်” ဟု မိန့်သည်။

ယခင်က ဆွမ်းဆန်စိမ်းခံထွက်လျှင် နေအိမ်များရှေ့၌ ဇလုံများဖြင့် ဆွမ်းဆန်လှူဒါန်းထားသော်လည်း ယခုအခါ ထိုသို့မရှိတော့သည့်အပြင် နေအိမ်အချို့တွင် “ဆွေမျိုးမှအပ မဝင်ရ” ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်း၊ အိမ်တံခါးများ ပိတ်ထားခြင်းများလည်းရှိ၍ ဆွမ်းဆန်စိမ်းခံရာတွင် အခက်ကြုံတွေ့လာရကြောင်း သီလရှင် စရဏသိင်္ဂီက ဆက်၍မိန့်ကြားသည်။

လက်ရှိတွင် တစ်ချို့ပုဂ္ဂလိကအလှူရှင်များထံမှ လှူဒါန်းထားသည့် ဆန်၊ ဆီ၊ ဆား စသည့် ဆွမ်းပစ္စည်းများကို ချွေတာသုံးဆောင်နေရကြောင်း ကျားရုပ်သီလရှင်စာသင်တိုက်မှ သိရသည်။

ယခင်က သီလရှင်တစ်ပါးလျှင် တစ်နေ့ ဆွမ်းဆန်စိမ်းခံထွက်လျှင် ငွေကျပ် ၁ သောင်းခွဲကျော်ခန့် ရရှိကြ သော်လည်း ယခုရက်ပိုင်းတွင် ငွေကျပ်သုံးထောင်ကျော်သာရရှိကြကာ ယခုကဲ့သို့ အချိန်ကြာလာပါက ဆွမ်းငတ်လာနိုင်ကြောင်း ယင်းကျောင်းတိုက်မှ စာသင်သား သီလရှင်နန္ဒစာရီက မိန့်သည်။

“ဆရာလေးတို့အနေနဲ့ တောင်းဆိုလို့ရမယ်ဆိုရင်တော့ သီလရှင်တွေရဲ့ စာသင်တိုက်တွေကိုလည်း လှူဒါန်း ပေးစေချင်တယ်။ အခုလိုမျိုး အခက်အခဲတွေမရှိအောင် ထောက်ပံ့ပေးစေချင်ပါတယ်” ဟု မိန့်သည်။

ယခုကဲ့သို့ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန် အစိုးရမှ ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးရန်လည်း သီလရှင်များက တောင်းဆိုကြသည်။

စစ်တွေမြို့ပေါ်တွင် သီလရှင်စာသင်တိုက် သုံးခုရှိပြီး သီလရှင်အပါး ၃၀၀ ခန့် ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လ ၁၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈ ဦးအထိရှိပြီး မောင်တော ၄ ဦး၊ ဘူးသီးတောင် ၂ ဦး၊ သံတွဲ ၁ ဦးနှင့် တောင်ကုတ် ၁ ဦးတို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...