မေလကုန်ပိုင်း စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ (၁၇)သိန်းကျော် ရှိ

မေလကုန်ပိုင်း စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ (၁၇)သိန်းကျော် ရှိ
သတင်းနှင့် ဓာတ်ပုံ - သံလွင်တိုင်မ်း
သတင်းနှင့် ဓာတ်ပုံ - သံလွင်တိုင်မ်း

မေလကုန်ပိုင်းက ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၇) သိန်းကျော် ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ယခု ကောက်ယူထားသော စာရင်းတွေအရ မဲပေးပိုင်ခွင့်ရှိသူဟာ ယခင်ရွေးကောက်ပွဲထက် လူဦးရေ (၂) သိန်းကျော် တိုးလာပြီး ယခုမှ စတင်မဲပေးမယ့် လူငယ် (၁) သိန်းကျော် ပါဝင်တယ်လို့ သိရသည်။

ဒီစာရင်းတွေမှာတော့ တပ်မတော်သားများနှင့် ယင်းတို့ရဲ့ မိသားစုဝင်တွေ မပါရှိသေးဘဲ တပ်မတော်သားတွေကို မဲစာရင်းကောက်ယူနိုင်ဖို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရသည်။

“ ဒီမဲစာရင်းမှာတော့ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ မပါသေးဘူး။ ဒီထဲမှာ မသန်စွမ်း မဲစာရင်း လေးထောင်ကျော် ပါဝင်ပြီး အခုမှ စတင်မဲပေးမယ့် လူငယ် တစ်သိန်းကျော် ပါဝင်တယ် “ လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုသည်။

လက်ရှိမှာလည်း နိုင်ငံရပ်ခြားက ပြန်လာသူတွေရဲ့ အမည်စာရင်းတွေ မဲစာရင်းမှာ မကျန်ခဲ့စေဖို့ ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်စီစစ်တာတွေကို လုပ်ဆောင်နေပြီး လက်ရှိမှာ လူဦးရေ (၅)ထောင်ကျော်ကို စီစစ်ထားပြီး ဖြစ်တယ်လို့ ပြောသည်။

ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တစ်ဝှမ်းမှာ တပ်မဲရုံတွေအပါအဝင် မဲရုံစုစုပေါင်း (၉၅၈) ရုံ ဖွင့်လှစ်သွားဖို့ ရွေးကောက်ပွဲ ကော်မရှင်က လျာထားသည်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်မဲရုံတွေလည်း ပြင်ပမှာပဲ ဖွင့်လှစ်ရတော့မှာဖြစ်လို့ အချို့မဲရုံတွေကိုတော့ နီးစပ်ရာ ရပ်ကျေး မဲရုံတွေနဲ့ ပေါင်းသွားမှာဖြစ်ပြီး အချို့နေရာမှာတော့ ယာယီမဲရုံတွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ထားတယ်လို့ သိရသည်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ (၁၅) သိန်းကျော် ရှိခဲ့ပြီး ပြည်နယ်တစ်ဝှမ်းမှာ မဲရုံ (၉၁၉) ရုံ နဲ့ တပ်မဲရုံ (၄၉) ရုံ ဖွင့်လှစ်ခဲ့ပါတယ်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...