AA စစ်မေ သံသယဖြင့် ဖမ်းဆီးခံရသူ စစ်တွေမြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦး ပြန်လည်လွတ်မြောက်လာ

AA စစ်မေ သံသယဖြင့် ဖမ်းဆီးခံရသူ စစ်တွေမြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦး ပြန်လည်လွတ်မြောက်လာ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကျေးရွာမှ AA တပ်ဖွဲ့ဝင် စစ်မေဟု သံသယဖြင့် ဖမ်းဆီးခံရသူ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်နှစ်ဦးမှာ ဇွန်လ၁၃ ရက်နေ့ ပြန်လည် လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။

၎င်းအမျိုးသမီးငယ်နှစ်ဦးမှာ ကြွီတဲပိုက်ဆိပ်ကျေးရွာမှ မလုံးမချေ (၁၆) နှစ် နှင့် ပလ္လင်ပြင်ကျေးရွာမှ ကြွီတဲကျေးရွာတွင် စက်ချုပ်ပညာသင်ကြားနေသော မခင်ဝင်းဦး (၁၈) နှစ်တို့ ဖြစ်ကြပြီး ဖုန်းထဲတွင် မသင်္ကာဖွယ်ရာ ပြောဆိုမှုများရှိသည်ဟု ဆိုကာ ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီကျော်က ဌာနပေါင်းစုံအဖွဲ့မှ ဖမ်းဆီးခဲ့သည်။

သူမတို့ နှစ်ဦးအား သံယကကင်းရှင်းသွားရာမှ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ပြန်လွှတ်ပေးလိုက်ကြောင်း လွတ်မြောက်လာသူ မခင်ဝင်းဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ဒီနေ့ မနက် ၁ဝ လောက်က လွှတ်ပေးလိုက်ပါတယ်။ မနေ့ကတော့ ကားပေါ်ကိုတက်တာနဲ့ ကျမတို့ကို လက်ထိပ်ခတ်တယ်။ စခန်းကိုရောက်ရင်လည်း နာရီခွဲ တစ်နာရီ လောက်တော့ လက်ထိပ် ခတ်ထား ပါသေးတယ်။ သူတို့ကတော့ AA နှင့် ပတ်သက်မှုရှိလာဆိုပြီးတော့ မေးတယ်။ အဲဒီအကြောင်းတွေကိုပဲ ထပ်ကာ၊ ထပ်ကာမေးတယ်။ နင်ပို့ထားတဲ့စာတွေက သာမာန် ရဲမေ တစ်ယောက်တောင်မှ ပို့တတ်မှာမဟုတ်ဘူး။ နင်သေနတ်ကိုင်ဖူးလားဆိုပြီးတော့ မေးတယ်။ သူကို ကျမပို့ထားတဲ့ စာသားတွေက နင်တို့ရွာမှာ လူ ၄ ယောက်ကို ဖမ်းထားတယ်လို့ ကြားတယ်။ အဲဒီဟာကို စတဲ့သဘောနဲ့ ကြားလား၊ ကြားလား။ ကြားရင် အကြောင်းပြန်။ တစ်၊ နှစ်၊ သုံး၊ တစ်ဆယ် ဆိုပြီး ကျမက သူ့ကို စတဲ့ အနေနဲ့ရိုက်ပို့လိုက်တာ။ အဲဒါနဲ့ သံသယဖြစ်ပြီး ကျမတို့ကို ဖမ်းသွားတာပါ” ဟု ပြောသည်။

၎င်းတို့မှာ သာမန်ကျေးရွာသူသာ ဖြစ်ပြီး AA နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်းပြောပြပြီးမှ နောက်ပိုင်းတွင် သံသယကင်းရှင်းကာ ပြန်လွှတ်ပေးလိုက်ကြောင်း သူမက ဆက်လက် ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကြွီတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြသိန်းကလည်း ၎င်းတို့နှစ်ဦး လွတ်မြောက်လာခြင်းမှာ မှန်ကန်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...