လားရှိုးဘက်မှလာသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၈ ဦး မြဝတီတွင် ဖမ်းမိ

လားရှိုးဘက်မှလာသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၈ ဦး မြဝတီတွင် ဖမ်းမိ

ရှမ်းပြည်နယ် လားရှိုးဘက်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ တက္ကစီယာဉ် ၂ စီးအား စင်းလုံးငှါးလာသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ဇွန်လ ၁၁ ရက် ၁၀း၃၀ အချိန်ခန့်က မြဝတီမြို့ အမှတ်( ၄) ရပ်ကွက် အာရှလမ်း မြေနီကုန်းလမ်းဆုံနေရာတွင် ယာဉ်ကြောစစ်ဆေးရေး ဆောင်ရွက်နေသည့် နယ်မြေ တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀း၃၀ အချိန်တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်း၊ မြေနီကုန်းလမ်းဆုံတွင် မြဝတီ ရှေ့ တန်ရုံး ခြေလျင်တပ်ရင်း (၉၇)မှ တာဝန်ရှိသူများနှင့် မြဝတီမြို့မရဲစခန်းမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် လမ်းပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား လက်နက်/ခဲယမ်းများ သယ်ဆောင်မှုရှိ/မရှိ ရပ်တန့်ရှာဖွေစစ်ဆေးနေစဉ် သင်္ဃန်းညီနောင်ဘက်မှ မြဝတီမြို့တွင်းဘက်သို့ မောင်းနှင်လာသည့် တက္ကစီယာဉ် ၂စီးအား စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာ ၎င်းယာဉ်(၂)စီးပေါ်တွင် ပတ်စ်ပို့ စာအုပ်သာပါရှိ ကာ ပြည်ဝင်ခွင့်ဗီဇာမပါရှိသူ ကျား (၅)ဦးနှင့် မ(၁)ဦး နှင့် မည်သည့် အထောက်အထားမျှ မပါသောကျား(၂)ဦး စုစုပေါင်း တရုတ်နိုင်ငံသား ၈ ဦးအား ဖမ်းဆီး ရမိပြီး မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသား ၈ ဦးသည် ရှမ်းပြည်နယ် လားရှိုးမြို့မှ ကရင်ပြည်နယ် မြဝတီမြို့သို့ မော်တော်ယာဉ်ခ (၅)သိန်းကျပ်ဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ပတ်စ်ပို့စာအုပ်များပါရှိပြီး အထောက်အထား ပြည်စုံမှုရှိမရှိကို မိမိတို့အနေဖြင့်မသိ၍ သာမန်ခရီးသွားပုံစံဖြင့် တင်ဆောင်လာခြင်းသာဖြစ်ကြောင်း ယာဉ်မောင်း ၂ ဦးက ပြောဆိုခဲ့သည်။

အဆိုပါ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၈ ဦးနှင့် ၎င်းတို့အား တင်ဆောင်လာသူ ယာဉ်မောင်း၂ ဦးကို မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးပြီးနောက် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...