ကချင် ဝေးလံခေါင်ဖျားနေသော ဒေသခံများမဲပေးခွင့်ရရှိရေး KNC ပါတီက ရွေးကောက်ပွဲကော်မရှင်ထံတောင်းဆို

ကချင် ဝေးလံခေါင်ဖျားနေသော ဒေသခံများမဲပေးခွင့်ရရှိရေး KNC ပါတီက ရွေးကောက်ပွဲကော်မရှင်ထံတောင်းဆို

ကချင်ပြည်နယ်အတွင်းဝေးလံခေါင်ဖျားသော ဒေသခံများတွင်နိုင်ငံသားများ မဲပေးခွင့်ရရှိရေးနှင့် မဲရုံအရေအတွက်တိုးချဲ့ထားရှိရေးနှင့် ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံနိုင်ရန် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC က ဇွန်လ ၆ ရက်နေ့ တောင်းဆိုထားသည်။

ဌာနေတိုင်းရင်းသားတို့၏ မဲပေးခွင့်ရရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသော အခွင့်အရေးတည်ဆောက်ရန်အတွက် ရည်ရွယ်ပြီး အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းဖြစ်သည်ဟု KNC ပါတီ ဥက္ကဌ ဒေါက်တာ M Kawn La က ယခုလိုပြောသည်။

‘‘ဒါက ကျွန်တော်တို့ရဲ ့နိုင်ငံရေးအခွင့်အရေးဖြစ်တယ်။ နိုင်ငံသားတိုင်းက သိသင့်သိထိုက်သော အရာများဖြစ်တယ်။ ဒါကြောင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့တောင်းဆိုတာဖြစ်တယ်။’’ ဟု ပြောသည်။

ကချင်ပြည်နယ်၏အကျယ်အဝန်း ၄ ပုံ ၁ ပုံသည် ဝေးလံခေါင်ဖျားသော ဒေသဖြစ်ပြီး ဒေသခံကိုယ်စားလှယ်လောင်း များအတွက်အရေးပါသော နေရာဖြစ်သောကြောင့် ဝေးလံသောနေရာများတွင်မဲပေးခွင့်ရရှိရေး စီစဉ်ပေးသင့်ကြောင်း ပြောသည်။

KNC ပါတီ၏ တောင်းဆိုမှုတွင် အချက် ၅ ချက်ပါဝင်ပြီး ထိုအထဲတွင် ရွေ့ပြောင်းများ ရက်ပေါင်း (၉၀) နေထိုင်ပြီး မဲပေးခွင့်ရရှိသည့်အကြောင်းအရာ၊ ရွေကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ်ကြီးကြပ်မှုများနှင့် ကြိုတင်မဲသတ်မှတ် လက်ခံမှုအချိန်ဇယား၊ မဲပေးနိုင်သူတို့၏ အရေအချင်းသတ်မှတ် စသည်တို့ဖြစ်သည်။

ဇွန်လ ၃ရက်နေ့ကလည်း KNC ပါတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး နေလင်းထွန်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းတို့တွေ့ပြီး ယခုကဲ့သို့ ရွေ့ပြောင်းအလုပ်သမားများမဲပေးခွင့်ကိစ္စ၊ သယံဇာတစီမံခန့်ခွဲမှုအခြေအနေ၊ ဝေးလံခေါင်ဖျားသော ကချင်ဒေသခံများ မဲပေးခွင့်ရရှိရေးစသည့်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သော်လည်း တိကျသော အဖြေတစ်စုံတစ်ရာ မရရှိခဲ့ဟု ဒေါက်တာကောန်လက ပြောသည်။

“ကချင်ပြည်နယ်အစိုးရက သူတို့ဘာတွေလုပ်နေတယ်လောက်ပဲပြောပြတယ်။ လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေး မယ်ပေါ့။ တိတိကျကျ Political Way မရဘူးပေါ့နော်။’’ ဟု ဒေါက်တာကောန်လ က ပြောသည်။

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ပုံမှန်ကျင်းပသွားမယ်ဟု မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၄ ရက်နေ့ ထုတ်ပြန်ကြေညာထားပါသည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...