မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားကား ချောက်ထဲကျ ၂ဦးသေ

မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားကား ချောက်ထဲကျ ၂ဦးသေ

Nang Seng Nom - သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် တုံတာမြို့ အနီးရှိ ချောက်ထဲသို့ မဟာဓာတ်အားလိုင်းသွယ်တန်းသည့် အလုပ်သမား ၃၀ဦး စီးလာသည့် ဒိုင်းနာကားသည် ချောက်ထဲသို့ကျကာ ၂ဦးသေဆုံသွားကြောင်း ရှိသည်။

ဇွန်လ ၄ ရက်နေ့ မနက် ၁၁နာရီခွဲတွင် မဟာဓာတ်အားလိုင်း သွယ်တန်းသည့် လုပ်သား ၃၀ စီးလာသည့် ဒိုင်နာကားသည် တုံတာမြို့အဝင် ပေ ၅၀ ရှိသည့် ချောက်ထဲသို့ ကျကာ ၂ဦးသေဆုံးပြီး၊ လက်ရှိ ဒဏ်ရာ ပြင်းထန်သည့် သူ ၈ဦးကို ကျိုင်းတုံ ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း လူမှုကူညီရေး အသင်း မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ ဒဏ်ရာ ပြင်းထန်တဲ့ သူ၁၀ဦးကိုတော့ ကျိုင်းတုံ ဆေးရုံပို့လိုက်တယ်။ အဲ့ထဲမှာ ၂ဦးဆုံးသွားတယ်။ ကျန် တဲ့သူတွေကတော့ အနည်းငယ်ပဲထိတယ်။ မိုင်းပျဉ်း ဆေးရုံမှာ တက်နေတယ်” ဟု ၎င်း ကပြောသည်။

အဆိုပါ ကားချောက်ထဲကျရခြင်းသည် ကားဘရိတ်ပေါက်မှုကြောင့် ဖြစ်သွားသည် ဟုလည်း စုံစမ်းသိရသည်။

ထို ကားချောက်ထဲသို့ ကျသွားသူများကို တုံတာ လူမှုကူညီရေး အသင်း နှင့် တပ်မတော်တို့က သွားရောက် ကယ်ထုတ်ခဲ့ကြောင်းသိရသည်။

လွန်ခဲ့သည့် မေ ၁၂ရက် တွင်လည်း မိုင်းပျဉ်း မြို့နယ် အတွင်း ခရီးသည် ယာဉ် အသေး တစီးသည် ချောက်ထဲကျကာ ခရီးသည် ၅ဦး သေဆုံးခဲ့သည်။

<<<>>>

ချောက်ထဲကျသွားသော မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားများကယ်ထုတ်နေစဉ် ( ဓာတ်ပုံ Sai Nge)

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...