တောင်ကြီးမြို့နယ် တွင် ထိုင်းပြည်တော်ပြန် ၆၀၀ကျော် ရှိ

တောင်ကြီးမြို့နယ် တွင် ထိုင်းပြည်တော်ပြန် ၆၀၀ကျော် ရှိ

 

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ထိုင်းပြည်တော်ပြန် ၆၀၀ ကျော် Quarantine ပြုလုပ်ထားကြောင်း စုံစမ်းသိရှိရသည်။

ထိုင်း – မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး သျှမ်းပြည်သို့ ပြန်လာမည့် ပြည်တော်ပြန်များကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိခြင်း ဖြစ်သည်။

“သူတို့ကို ပိုးစစ်ပြီးမှ ဘယ်နှရက် ထားမယ်ဆိုတာ ပြောလို့ရပါ့မယ်။ လောလောဆယ်တော့ ၁၀ ရက်လောက် ထားမယ်လို့ ခန့်မှန်းထားပါတယ်။” ဟု စေတနာ့ ဝန်ထမ်း ကိုဝင်းနိုင်စိုး က ပြောသည်။

မေလ ၂၇ ရက်မှ ဇွန် ၃ ရက်နေ့ထိ ပြည်တော်ပြန် ၆၀၀ ကျော် ရောက်ရှိထားကြောင်း သိရသည်။

“Quarantine ဝင်တဲ့သူ အားလုံးကို ဓါတ်ခွဲနမူနာ စစ်မယ်။ တစ်ချို့တစ်ဝက် စစ်ပြီးတာလဲ ရှိပါတယ်။ နေ့စဉ်ဝင်ရောက်နေပါတယ်။ ၂၀၀၀ ကျော် ဝင်လာမယ်လို့ သိရပါတယ်” ဟု ကိုဝင်းနိုင်စိုး ကပြောသည်။

ထိုင်းပြည်တော်ပြန်များသည် တောင်ကြီးမြို့နယ်ရှိ မိုးကုတ်ဝိပဿနာ ရိပ်သာ၊ ညောင်ရွှေ တည်းခိုရေး စခန်း၊ ပင်းတယမြို့ရှိ မိုးကုတ်ဝိပဿနာ၊ ညောင်ရွှေမြို့နယ် သက်မွေး သင်တန်းကျောင်း၊ ညောင်ရွှေမြို့ရှိ ခေတ်ဆန်းယဉ် ၊ ကလောမြို့နယ် ဟဲဟိုးမြို့စိုက် သိပ္ပံကျောင်း၊ တောင်ကြီး ကွန်ပျူတာတက္ကသိုလ်တို့မှာ ထိုင်းပြည်တော်ပြန်များ ထားရှိကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...