ခိုလမ်တွင် ကျွန်းတင် ကား(၁၃)စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ

ခိုလမ်တွင် ကျွန်းတင် ကား(၁၃)စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်အတွင်း ကျွန်းသစ် တင်ဆောင်သည့် မော်တော်ယာဉ် (၁၃) စီး ဖမ်းဆီးမိရာ၊ တရားခံ တဦးသာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

လွိုင်လင်မြို့နယ် ခိုလမ်မြို့နယ် အတွင်း ခိုလမ်- ကွန်ဟိန်း ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ဇွန် ၁ရက် နေ့လည် ၁၁နာရီ ၌ ရပ်တန့်ထားသည့် စူပါကာစတန် အမျိုးအစား ယာဉ်ငယ် ၁၃စီးကို စစ်ဆေးရာ ကျွန်းခွဲသားပေါင်း (၈၃၇)ချောင်း (၁၅)တန် ကို ဖမ်းဆီးရမိခဲ့သော်လည်း ထိုထဲတွင် ကားသမား တဦးသာ ဖမ်းဆီးရမိပြီး ကျန်၁၂ဦး မှာ ထွက်ပြေးလွှတ်မြောက်နေကြောင်း လွိုင်လင်မြို့ နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ယာဉ် ၁၃ စီးမှာ တစ်စီး က တရားခံ မိတယ်။ ၁၂ စီးက ပိုင်ရှင် မတွေ့ရှိရပဲ ဖမ်းဆီး ရမိတယ်” ဟု လွိုင်လင်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရားခံကို ဆက်လက်ရှာဖွေနေပြီး၊ လက်ရှိ ဖမ်းဆီးရမိသူကို ခိုလမ်ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ (၄၃) (က) နှင့် အမှုဖွင့်ထားကြောင်း ဦးပြည့်ဟိန်း က ဆိုသည်။

ထိုနည်းတူ သျှမ်းပြည် တောင်ပိုင်း ကျိုင်းတောင်း မြို့နယ် တွင် ဇွန်၂ရက် မနက် ၁၁နာရီ ၌ တရားမဝင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၁၀တန် နှင့် ကျွန်းသစ်ခွဲသားဆိုဒ် စုံ ၂၀တန် နှင့် အတူ လိုင်စင်မဲ့ ယာဉ် ၅စီး ကို သိမ်းဆည်းရမိကြောင်းသိရသည်။

လွန်ခဲ့သည့် မေလ နောက်ဆုံး ပတ်တွင်လည်း လွိုင်လင်မြို့နယ်တွင် သစ်တံခါး ၉ ရွက် ကို အရေးပေါ် ကားဖြင့် တင်ဆောင်လာသ်ည့် ဆရာဝန် တစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...