အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ်

အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ်

Nang Seng Nom — ကိုဗစ်ကာလကြား သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ်တွင် အစိုးရတပ် နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA တို့ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ်အတွင်း အမှတ်၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်တော်( RCSS/SSA) ယာယီတပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲကတော့ မနက် ၈နာရီ ကနေ ၁၀နာရီထိဖြစ်သွားတယ်။ တပ်နဲ့ နယ်ခြားစောင့် တပ် ပူးပေါင်းပြီး ကျနော်တို့ တပ်စခန်း ရှိတဲ့နေရာကို ပစ်တာပါ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဗိုလ်မှူး ခမ်းစံ ကဆိုသည်။

အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် တို့ ပူးပေါင်းပြီး စစ်အင်အား ၁၀၀ တို့သည် မော်တာ ၆၀ မမ၊ M 79 ၊တို့ဖြင့် RCSS/SSA၏ ယာယီတပ်စခန်းကို ပစ်ခတ်ကြောင်း သိရသည်။

လက်ရှိမှာ အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့သည် စစ်အင်အားများ ဖြည့်နေမှုကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဧပြီလကလည်း RCSS/SSAနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ၂ဖက် ထိန်းသိမ်းနေထိုင်သွားမည် ဟုလည်း နှုတ်ကတိများ အပြန်အလှန်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာလ အတွင်း ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုထားကြသည်။

ထို့ပြင် အစိုးရ တပ်မတော် ဘက်မှလည်း အကြမ်းဖက် ဟု ကြေညာထားသည့် အဖွဲ့အစည်းရှိသည့်နေရာ မှ အပ ကျန် နယ်မြေများတွင် မေ ၁၀ရက်မှ သြဂုတ် ၃၁ရက် ထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလ အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာချက် ထုတ်ခဲ့သေးသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သည်။

Most read this week

Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...