သျှမ်းပြည် အတွင်း စိတ်ကြွဆေး ကျပ်သိန်း ဘီလီယံများစွာ သိမ်းဆည်းရမိ

သျှမ်းပြည် အတွင်း စိတ်ကြွဆေး ကျပ်သိန်း ဘီလီယံများစွာ သိမ်းဆည်းရမိ

Nang Seng Nom — သျှမ်းပြည်အတွင်း ယခုရက်ပိုင်း စိတ်ကြွဆေး တန်ဖိုးငွေ ကျပ်သိန်း ဘီလီယံ ကျော်သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

မေ ၃၀ ရက် မနက် ၁၀ နာရီတွင် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းဆတ်-မိုင်းတွမ်းအသွား ကားလမ်းရှိ ဂျူးလု ကျေးရွာ အနီး အမျိုးသားတဦး မောင်းလာသည့်မူးယစ်ဆေးဝါး တင် မော်တော်ဆိုင်ကယ်တစီးသည် စစ်ဆေး ရေးဂိတ်မတိုင်ခ လျှိုထဲတိုးဝင် မောင်းနှင်ကာ ထွက်ပြေး လွှတ်မြောက် သွားကြောင်းသိရသည်။

ထို ဆိုင်ကယ်သမားနောက်လိုက်လံပြီးဖမ်းဆီးမှုပြုရာ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်း စိတ်ကြွဆေးပြား ၂သိန်းပြား သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်ပြီး မေ ၃၀ရက် ၁၁နာရီခွဲတွင်လည်း TOYOTA REVO အမျိုးအစား မော်တော်ယာဉ် တစီးသည် စစ်ဆေးသည့်နေရာမရောက်ခင် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီး ချိန် သေနတ်ပစ်ခတ်ရာ အဆိုပါ ကား ဘီးပေါက်သွားပြီး ယာဉ်မောင်းသည် လျှိုအတွင်းသို့ထွက်ပြေးသွားသည်။

ထိုကားပေါ်တွင်လည်း စိတ်ကြွဆေးပြား ၃,၀၀၀,၀၀၀ ပြားသိမ်းဆည်းရမိပြီး ထိုနေ့ တရက်တည်းတွင် စိတ်ကြွဆေးပြားကာလတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၈၀၀၀ သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အပြင် မေ ၃၀ရက်တွင် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ အသက် ၄၁နှစ် အရွယ်ရှိ ဆိုင်းခွမ် နေအိမ်ကို သွားရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား ၇၂၀၀၀ ပြား (ကာလပေါက်ဈေး ငွေကျပ် ၁၀၈၀သိန်း) သိမ်းဆည်းရမိကြောင်း မူဆယ်ရဲတပ်ဖွဲ မှစုံစမ်းသိရသည်။

ထို့ပြင် မေ ၂၉ ရက် မွန်းလွှဲ ၁နာရီတွင် သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ တောင်ကြီး-ကလော သွားကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ၁၂ဘီး မော်တော်ယာဉ် နှင့် အတူ အသက် ၂၆နှစ် အရွယ်ရှိ ယာဉ်မောင်း ဇော်မင်းထွေး ကို စစ်ဆေးရာ ICE (မက်သာအဖက်တမင်း) ၁၅၃၄ ကီလို ကျပ်ငွေ တန်ဖိုး ၃၈.၃၅ ဘီလီယံကျော် သိမ်းဆည်းရမိသည်။

မေ ၂၄ရက် မနက် ၂နာရီ တွင် လွိုင်လင်မြို့ ဟိုတင့်ကျေးရွာအနီးတွင် ICE (မက်သာအဖက်တမင်း ၁,၆၁၅ ကီလို စုပေါင်းကျပ်ငွေ ၄၀ ဘီလီယံ သိမ်းဆည်းရမိသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...