မီးလက်ဝကျေးရွာတွင် သေနတ်ကျည်ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံး

မီးလက်ဝကျေးရွာတွင် သေနတ်ကျည်ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံး

ထွန်းခိုင် —  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးလက်ဝ (အောက်ရွာ) ကျေးရွာတွင် မနက် ၈ နာရီအချိန်တွင် ရွာထဲသို့ ထင်းယူရန်သွားသော အမျိုးသမီးသမီးတစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ကျည်ဆံကျမှန်၍ သေဆုံးသွားသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသွားသောအမျိုးသမီးမှာ မီးလက်ဝ (အောက်ရွာ) ခမီကျေးရွာမှ ဒေါ် ဟွေ့ခင်း အသက် (၆၇) နှစ်ဖြစ်ကြောင်း သိရှိရသည်။

မီးလက်ဝအောက်ရွာကျေးရွာမှ ကိုရွှေကျော်က “ သူတို့က မနက် ၈ နာရီကျော်လောက်က ပလက်ဝ ဒုက္ခသည်စခန်းက နေပြီးတော့ ရွာထဲကို ထင်းယူဖို့ဆိုပြီး လူ ၅ ယောက်လောက်က လှေနဲ့ထွက်သွားတယ်။ ထင်းယူလို့ပြန်လာတဲ့အချိန် ဒီဖက် ပလက်ဝကမ်းနားကို မရောက်မီမှာ ရွာတောင်တွင်ရှိသော တောင်တန်းက နေပြီးတော့ လှမ်းပစ်လို့ သူ့ဝမ်းဗိုက်ထဲမှာ ဒဏ်ရာရသွားတယ်။ အခုတော့ သူဆုံးသွားပါပြီ။ သူ့ကိုအခု ပလက်ဝဆေးရုံ ရင်ခွဲရုံကို ပို့ထားပါတယ် ”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်အား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် အဆိုပါကိစ္စကို မသိရှိရသေးကြောင်း ဖြေကြားသည်။

၎င်းမီးလက်ဝ (အောက်ရွာ) ကျေးရွာတွင် မေလ ၂၆ ရက်နေ့ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သဖြင့် ရွာသူ/ ရွာသားများမှာ ကျေးရွာအတွင်း နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်နေကြကြောင်း သိရှိရသည်။

သေဆုံးသွားသူ ဒေါ်ဟွေ့ခင်းသည် ကျီးလေအုပ်စု၊ မင်းတာကျေးရွာသူ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် လက သားသမီးများနေထိုင်ရာ အောက်မီးလက်ဝရွာသို့ အလည်အပတ်လာရောက်သူ ဖြစ်ကြောင်း၊ ပလက်ဝအနီး တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ဇာတိရွာသို့ မပြန်နိုင်ဘဲ သားသမီးတို့နှင့်အတူ ပလက်ဝ မြို့ပေါ်တွင် တိုက်ပွဲရှောင်အဖြစ် ခိုလှုံနေစဉ် ယခုလိုဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်နှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း အောက်မီးလက်ဝရွာသားတစ်ဦးက ပြောသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...