တောင်ကြီး မိုးကုတ်ဝိပသာန တွင် ပြည်တော်ပြန် ၁၀၀ ကျော်ရှိ

တောင်ကြီး မိုးကုတ်ဝိပသာန တွင် ပြည်တော်ပြန် ၁၀၀ ကျော်ရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပသာနာ ဓမ္မရိပ်သာတွင် ပြည်တော်ပြန် (၁၀၀) ကျော် လက်ခံထားရှိပြီး၊ Facility Quarantine ကို ၇ ရက်သာ ထားမည် ဟု စုံစမ်းသိရသည်။ သိရသည်။

အဆိုပါ ပြည်တော်ပြန် အများစုသည် ကရင်ပြည်နယ် မြဝတီဘက်မှ ဝင်လာသူများ ဖြစ်ပြီး မေလ ၂၈ ရက်နေ့ထိ စုစုပေါင်း (၁၁၁) ဦး ရှိထားပြီ ဖြစ်ကြောင်း တောင်ကြီး စေတနာ့ဝန်ထမ်းများအဖွဲ့မှ ဦးဝင်းနိုင်စိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သျှမ်းပြည်ထဲက နယ်စုံပါပဲ။ လက်ခံထားတာပါ။ Quarantine မဝင်ရသေးဘူး။ နိုင်ငံခြား တိုက်ရိုက်ပြန်တွေ ဖြစ်တဲ့အတွက် တခြားမြို့တွေမှာ မလိုလားတဲ့ ကိစ္စပေါ်မှာဆိုးလို့ ကျနော်တို့က တောင်ကြီးမှာ ထိန်းပြီးတော့ SWAB တွေ စစ်မှာပါ။ ၇ ရက် ထားပြီးမှ ပြန်လွှတ်ပါ့မယ်” ဟု ဦးဝင်းနိုင်စိုး က ပြောသည်။

ပြည်တော်ပြန်များကို သျှမ်းပြည် တောင်ပိုင်း တွင် ၂နေရာထားရှိမည်ဖြစ်ပြီး၊ ထိုနေရာများမှာ တောင်ကြီး မိုးကုတ်ဝိပသာနာ ဓမ္မရိပ်သာ နှင့် ညောင်ရွှေ တွင် ဖြစ်ကြောင်း ဦးဝင်းနိုင်စိုး က ပြောသည်။

“ခုဆို ရွှေညောင်မှာ လူ ၈၀၊ ၉၀၊ လောက်ဝင်နေပါပြီ၊ ခု ကျနော်တို့ လုပ်နေပါတယ်။ မနေ့က စဝင်တာပါ” ဟု ဦးဝင်းနိုင်စိုး ကဆိုသည်။

တောင်ကြီးမှာ ပြည်တော်ပြန် (၂၀၀၀) ကျော် ပြန်လည် ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် မဲဆောက်-မြဝတီ မှ တရက်လျှင် ၁ထောင်ကျော်ဝင်လာကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၂၀၆ ဦး ရှိပြီး ၊ ပြန်လည်သက်သာလာသူ ၁၂၆ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...