မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် ၂နိုင်ငံဆွေးနွေး

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် ၂နိုင်ငံဆွေးနွေး

နန်းဆိုင်ဖူး — မြန်မာ-တရုတ်နယ်စပ်ဂိတ်များ လူဝင်၊ထွက်ရန် နှင့်် ကုန်စည်ကူးသန်းရေး ပြန်လည်ဖွင့်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးမှုသည် မေ ၂၁ရက်နေ့တွင် သျှမ်းပြည်နယ်အစိုးရ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနတို့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး နှင့် ဝင်ထွက်သွားလာရေး ကိစ္စ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အဓိက ဆွေးနွေးဖြစ်တာက လူဝင်လူထွက် ကိစ္စ နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်တာ ဖွင့်ပေးဖို့ပါ” ဟု သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရုတ်နိုင်ငံက ဧပြီ ၂၄ ရက်နေ့စပြီး မြန်မာ – တရုတ် နယ်စပ်အဝင်အထွက် ကို (၂) လကြာ ပိတ်လိုက်ပြီး လူအဝင်အထွက် ပြုလုပ်ခြင်းကို ကန့်သတ်လိုက်ကာ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ခြင်း ခိုးဝင်ခိုးထွက် ပြုလုပ်သူများကို ထောင်ဒဏ်ချမှတ်မည်ဟု ယူနန်ပြည်နယ် အစိုးရက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ဒီဆွေးနွေးချက်တွေ အားလုံးကို ကျနော်တို့ ပြည်ထောင်စု အစိုးရ ကို ပြန်တင်ရမှာပါ” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

ထို ဆွေးနွေးပွဲ တွင် သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင်များဖြစ်သည့် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွှန့်လွင် ၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ တို့ နှင့် ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ယူနန်ပြည်နယ် လင်ချန်းခရိုင် ပါတီ အထွေထွေ အုပ်ချုပ်ရေးမှူးတို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ၊ ချင်းရွှေဟော်မြို့ မြန်မာ – တရုတ်နယ်စပ် တွင် ယာယီတဲထိုးပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယင်းသို့ ပိတ်လိုက်သည့် ကာလအတွင်း ကုန်သွယ်ရေးအတွက် တရားဝင်ခွင့်ပြုထားသည့် နယ်စပ်ပေါက်များမှ ကုန်သွယ်မှု ပြုလုပ်နိုင်သော်လည်း မြန်မာဘက်မှ ကုန်စည်ပို့သည့် ကားများကို မြန်မာဘက်မှ ယာဉ်မောင်းများဖြင့် မောင်းဝင်ခွင့်မရဘဲ တရုတ်နိုင်ငံဘက်မှ ၄င်တို့၏ သတ်မှတ်ယာဉ်မောင်းများဖြင့်သာ လွှဲယူမောင်းနှင်ကြခြင်းဖြစ်သည့်အတွက် မြန်မာဘက်မှ ကုန်တင်ပို့မှု နှောင့်နှေးခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...