မြောက်ဦးမြို့နယ်လက္ကာရွာမီးရှို့ခံရမှု ဘက်မလိုက်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တောင်းဆို

မြောက်ဦးမြို့နယ်လက္ကာရွာမီးရှို့ခံရမှု ဘက်မလိုက်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တောင်းဆို
Myanmar: Imagery Shows 200 Buildings Burned
Myanmar: Imagery Shows 200 Buildings Burned

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာရွာမီးရှို့ခံရမှုအပေါ် ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် Human Rights Watch (HRW) က မေလ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။

၎င်းအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် ၂ဝ၂ဝ ခုနှစ်၊ မေလ ၁၆ ရက်တွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် အိမ်များနှင့်အခြားအဆောက်အအုံ ၂ဝဝ ခန့် မီးလောင် ပျက်စီးသွားကြောင်း ဂြိုလ်တုမှ ပုံရိပ်များအရ မြင်တွေ့ရကြောင်း ဖော်ပြသည်။

၎င်းမြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာရှိ လူနေအိမ်များအား အစုလိုက်အပြုံလိုက် ဖျက်ဆီးခံရခြင်း အတွက် ကျူးလွန်သည့် တာဝန်ရှိများကို အပြစ်ပေးရန် ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမြန်လိုအပ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှပြောကြားသည်။

၂ဝ၁၉ ခုနှစ်ဇန်နဝါရီလမှ စ၍ မြန်မာစစ်တပ်နှင့် Arakan Army (AA) တို့အကြား တိုက်ခိုက်မှုများကြောင့် အရပ်သားအများအပြား သေဆုံးမှုများနှင့် အရပ်သားပိုင်ဆိုင်မှု ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟုဆိုသည်။

ဖြစ်ပျက်ခဲ့မှုများကို ရှာဖွေဖော်ထုတ်ရန်၊ တာဝန်ရှိသူများကိုအပြစ်ပေးရန်၊ ထိခိုက်ဒဏ်ရာ ရရှိနေသည့် ရွာသားများကို လျော်ကြေးပေးရန်နှင့် ယုံကြည်စိတ်ချရပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အရေးတကြီးလိုအပ်နေကြောင်း ဖော်ပြထားသည်။

၂ဝ၂ဝ မေလ ၁၆ ရက် နံနက် ၁ဝး၃ဝ နာရီတွင် မှတ်တမ်းတင် ဂြိုလ်တုပုံရိပ်အရ လက္ကာရွာတွင် မီးလောင်ပျက်စီးခြင်းကို မပြထားသော်လည်း ညနေ ၂း၁၂ နာရီတွင် ပတ်ဝန်းကျင် ဆိုင်ရာ ဂြိုဟ်တုတစ်လုံးမှ ထိုရွာ၌ မီးလောင်ကျွမ်းမှုများစွာကိုတွေ့ရှိခဲ့ရကြောင်း၊ မီးလောင်ကျွမ်းခဲ့သော အဆောက်အဦ ၂ဝဝ ၏ ပျက်စီးမှုကို ဆန်းစစ်နိုင်ခဲ့ပြီး အဆောက်အအုံများအတွင်းပိုင်း ပျက်စီးမှုကို မမြင်နိုင်သဖြင့် ပျက်စီးမှုကို တန်ဖိုးကို ခန့်မှန်းရန် အခက်အခဲရှိကြောင်း ဖော်ပြသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...