ကိုဗစ်ကပ်ရောဂါကြောင့် မြောက်ဦး ယူနက်စကိုလုပ်ငန်းများ ကြန့်ကြာမှုရှိနေ

ကိုဗစ်ကပ်ရောဂါကြောင့် မြောက်ဦး ယူနက်စကိုလုပ်ငန်းများ ကြန့်ကြာမှုရှိနေ

မျိုးသီရိကျော် — ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်(ယူနက်စကို)စာရင်းဝင်နိုင်ရေး အတွက် ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ကပ်ရောဂါကြောင့် မြောက်ဦးမြို့နှင့်သက်ဆိုင်သည့် အချက်အလက်များအား ကွင်းဆင်းစစ်ဆေးရန် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့မှ လာရောက်ခြင်းမရှိသေးကြောင်း မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဆိုသည်။

“အခုက ကိုရိုနာကြောင့် လုပ်ငန်းတွေလည်း ရပ်တန့်နေသလိုမျိုး ဖြစ်နေတယ်။ ကိုရိုနာဖြစ်တဲ့အချိန်ကနေ အခုထိ ဘာတစ်ခုမှ မလုပ်ရသေးဘူး။ အဆိုပြုလွှာမူကြမ်း တင်လိုက်တဲ့နောက်ပိုင်းမှာ စစ်ပွဲကတစ်မျိုး၊ ကိုရိုနာကတစ်မျိုး ဖြစ်နေတယ်။ နောက်လလောက်ဆိုရင်တော့ စီမံခန့်ခွဲမှုအစီစဉ်တွေကို လုပ်သွားမှာပါ” ဟု ၎င်းကပြောသည်။

မြောက်ဦးဒေသကို ယူနက်စကို ဝင်ရောက်နိုင်ရေးအတွက် အကြောင်းရာအမျိုးစားပေါင်း ၂၅ မျိုး ပါဝင်သည့် အပြီးသတ်အဆိုပြုလွှာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်ကတင်သွင်းခဲ့ပြီး ယူနက်စကို ဝင်၊ မဝင်ကိုမူ လာမည့် ၂၀၂၁ ခုနှစ်တွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

လက်ရှိမှာ မြောက်ဦးဒေသသို့ ပညာရှင်များမလာရောက်နိုင်သေးသဖြင့် ယူနက်စကိုလုပ်ငန်းများ နှောင့်နှေးမှု ရှိနိုင်ကြောင်း မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အစည်းအဝေးတွေကိုလည်း လက်ရှိမှာ အွန်လိုင်းကပဲ လုပ်နေရတယ်။ ပညာရှင်တွေကလည်း စစ်ဆေးဖို့ မရောက်သေးဘူးဆိုတော့ ဘာမှလည်း မလုပ်ရသေးဘူး။ ကွင်းဆင်းစစ်ဆေးရေးတွေလည်း မလုပ်ရသေးဘူး။ အခုလိုမျိုး မလုပ်နိုင်ဘူးဆိုရင်တော့ နှောင့်နှေးမှုတွေရှိနိုင်တယ်”ဟု ၎င်းကဆိုသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အမွေအနှစ်ချစ်မြတ်နိုးသူများ၊ UNESCO၊ အီတလီနိုင်ငံ AICS အဖွဲ့နှင့် ဒေသခံများပူးပေါင်းကာ ကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြောက်ဦး ဒေသအတွင်းမှ ရှေးဟောင်းဘုရားပုထိုးများ ပျက်စီးမှုအချို့ရှိခဲ့သဖြင့် မြောက်ဦးဒေသအား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် ဒေသခံများ၊ ရှေးဟောင်းအမွေအနှစ်ချစ်မြတ်နိုးသူများက တောင်းဆိုထားကြသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...