Covid-19 ကူးစက်ရောဂါကြောင့် နမ္မတီးစစ်ရှောင်များ မြို့ပြင်စခန်းသစ်သို့ ပြောင်းရွေ့

Covid-19 ကူးစက်ရောဂါကြောင့် နမ္မတီးစစ်ရှောင်များ မြို့ပြင်စခန်းသစ်သို့ ပြောင်းရွေ့

Covid-19 ကပ်ရောက်ဂါကြောင့် နမ္မတီးမြို့ရှိ စစ်ရှောင်တချို့သည် မြို့နှင့်ဝေးသော ညောင်တောကျေးရွာသို့ ပြောင်းရွေ့သွားသည်မှာ ၁လကျော်ပြီဖြစ်ပြီး အစားအသောက်နှင့် ကျန်းမာရေး အခက်အခဲများရှိနေကြောင်း သိရသည်။

နမ္မတီး-လမ်းခွ ကတ်သလစ်ဘုရားကျောင်းဝင်း နှင့် မြို့ဦးရပ်ကွက်တွင် တိမ်းရှောင်နေသည့် ကဆုန့် နှင့် ဇွပ်မိုင်ယာန် စစ်ရှောင်များက Covid-19 ကူးစက်ရောဂါ ပျံနှံ့မှုအန္တရယ်ကို စိုးရိမ်သဖြင့် ဧပြီလဆန်းတွင် ညောင်တော်စခန်းအသစ်သို့ ရွှေ့ပြောင်းခဲ့ရသည်ဟု သိရသည်။

စခန်းအသစ်တွင် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည့်အပြင် လျှပ်စစ်မီး၊ ရေတွင်း၊ ရေချိုးခန်းများနှင့် အိမ်သာများ လုံလောက်မှုမရှိကြောင်း တာဝန်ခံ ဦး Zau Hkun က ယခုလို ပြောသည်။

“အရင်နေခဲ့တဲ့နေရာက အရမ်းကျဉ်းတယ်။ အဆောက်အဦးတွေကလည်း မိုးကာတဲနဲ့ပဲ ဆောက်ထားပေးတော့ မခိုင်တော့ဘူး။ နေလို့လည်း အဆင်မပြေတော့ဘူး။ ၈ ပေ လောက်ပဲ ကျယ်တဲ့ အခန်းမှာက ၁၀ယောက်လောက် နေရတယ်။ အဲ့လိုခက်ခဲနေတဲ့အချိန်မှာ ကိုဗစ်-၁၉က ပြန်ဖြစ်လာတယ်။ အဲ့ကြောင့် စခန်းအသစ်တောင် မပြီးသေးဘူး။ ရွှေ့ပြောင်းလိုက်တာပေါ့။ အခုဒီမှာက စခန်းအသစ်ဆိုတော့ ရေချိုးခန်းနဲ့ အိမ်သာအခက်အခဲရှိနေတာပေါ့။ ပြီးရင်မီးလည်း မရှိသေးဘူး။ အစားအသောက်ပိုင်းကလည်း တော်တော်လည်း ခက်ခဲနေတယ်။ ဒီဘက်ပြောင်းလာကတည်းက အဖွဲ့အစည်းတွေလည်း မလာကြတော့ဘူး”ဟု ပြောသည်။

စခန်းအတွင်း ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်းများ မရှိသေးကြောင်း သိရသည်။

အဆိုပါ စခန်းအသစ်တွင် ကဆုန်ကျေးရွာမှ စစ်ရှောင် ၄၀၀ခန့် နှင့် ဇွပ်မိုင်ယာန် ကျေးရွာမှ စစ်ရှောင် ၂၃၈ဦး တို့ ခိုလှုံနေကြသည်။

“စခန်းအသစ်ကိုရောက်လာတော့ အစားအသောက်ပေါ့။ ပိုဆိုးတာက ကိုဗစ်-၁၉ ဖြစ်နေလို့ ပိုဆိုးသွားတာပေါ့။ အခုဆို ဒီမှာရောက်တာလည်း မကြာသေးတော့ အနီးတဝိုက်မှာ ဘာရှိမှန်းလည်း မသိ။ အပြင်ထွက်အလုပ်လုပ်လို့လည်းမရ။ စခန်းအတွင်းမှာလည်း အဝင်အထွက် စည်းကမ်းချက်တွေက လည်းရှိသေး။ လာထောက်ပံ့တဲ့အဖွဲ့အစည်းကလည်း သိပ်မတွေ့ရဘူး။ အဓိကတော့ အစားအသောက် ထောက်ပံ့ပေးဖိုပါဘဲ” ဟု ဇွပ်မိုင်ယာန် စစ်ရှောင် ဒေါ်ဂျာအိန်က အစားအသောက်အတွက် တောင်းဆိုခဲ့သည်။

ထို့အပြင် မြို့ပြင်ရောက်သွားသော စစ်ရှောင်စခန်းအတွက် အခြေခံပညာကျောင်းများပြန်ဖွင့်ခဲ့လျှင် ကျောင်းသားများအတွက် ကျောင်းသွားကျောင်းပြန်သည်လည်း အခက်အခဲရှိနေကြောင်း ပြောဆိုနေကြသည်။

“အခက်အခဲတော့ အများကြီးဘဲ။ ပြောရရင် မကြာမှီ ကျောင်းလည်းဖွင့်တော့မယ်။ အရင်တုန်း ကျောင်းနဲ့နီးတဲ့နေရာမှာ နေတော့ အခက်အခဲမရှိတော့ဘူး။ အခုကကျောင်းနဲ့ အရမ်းဝေးသွားပြီ။ အဲ့တော့ အသွားအလာ အခက်အခဲသွားတာပေါ့။ စခန်းမှာ အိမ်တိုင်းလည်း ဆိုင်ကယ် မရှိဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ကူညီပေးစေချင်တယ်” ဟု ပြောသည်။

စစ်ရှောင်စခန်း ၂ ခုပေါင်းထားသော အဆိုပါ စခန်းသစ်တွင် ကျောင်းသူ/သား စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး ထိုအထဲ အယောက် ၃၀ ခန့်သည် နမ္မတီးမြို့ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသည်။

၂၀၁၈ ဧပြီလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်ရင်း ၁၁ ကဆုန့်ဒေသတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာသဖြင့် ၎င်းနယ်မြေအတွင်းရှိ ဒေသခံများသည် နမ္မတီး-လမ်းခွကျေးရွာရှိ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းများတွင် ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။

KBC နှစ်ခြင်းခရစ်ယာန်အသင်းတော်အောက်ရှိ စစ်ရှောင်စခန်းတစ်ခုသာ နမ္မတီးမြို့တွင် ကျန်ရှိနေသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...