ဒေသခံများကန့်ကွက်သည့် လယ်မြေနှင့် နမ့်စကားချောင်းတွင် တစ်နိုင်တစ်ပိုင်ရွှေတူးဖော်မှုကို တားဆီးပေးရန် အစိုးရထံတင်ပြထားသော်လည်း ဆောင်ရွက်ခြင်းမရှိသေး

ဒေသခံများကန့်ကွက်သည့် လယ်မြေနှင့် နမ့်စကားချောင်းတွင် တစ်နိုင်တစ်ပိုင်ရွှေတူးဖော်မှုကို တားဆီးပေးရန် အစိုးရထံတင်ပြထားသော်လည်း ဆောင်ရွက်ခြင်းမရှိသေး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် တော်စီကျေးရွာရှိ နမ့်စကားချောင်းအတွင်းရွှေမျှောလုပ်ကိုင်နေမှုကို တားဆီးပေးရန် အတွက် ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများသို့ တင်ပြထားသော်လည်း ဆောင်ရွက်ပေးခြင်းမရှိသေးဟု ဒေသခံများကဆိုသည်။

အစိုးရက ချထားပေးသည့် တစ်နိုင်တစ်ပိုင်ရွှေလုပ်ကွက်တူးဖော်နေမှုသည် ကျေးရွာသူ/သားများက တားမြစ်ထားသည့် နေရာတွင် ကျရောက်နေသောကြောင့် လက်မခံနိုင်ကြောင်း တော်စီကျေးရွာသားများက ရှမ်းနီအသံကိုပြောဆိုသည်။

"တောင်သူတွေရဲ့တိုင်စာတော့ လျစ်လျူရှုထားကြသလားပ” ဟုဒေသခံ စိုင်းဇော်လွင်ထွန်းက ဆိုသည်။

ထိုကျေးရွာရှိ နမ့်စကားချောင်း ဘေးဝဲယာတွင် ရွှေမျှောလုပ်ကိုင်မှုများကို ရွာသားများက ၂၀၁၂ ခုနှစ်က တည်းက

ဝိုင်းဝန်းကန့်ကွက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် နှင့် ၂ဝ၂ဝ ခုနှစ်အစောပိုင်းတွင်လည်း ဌာနဆိုင်ရာများကို နမ့်စကားချောင်းဘေးဝဲယာရွှေတူးဖော်မှုများနှင့်ပတ်သက်ပြီး ကန့်ကွက်စာ တင်ပြထားကြောင်းသိရသည်။

“ အုပ်ချုပ်ရေးမှူးကော ဆရာတော်တွေရော တစ်ရွာလုံးဝိုင်းလို့တားတာလည်းမရဘူး တစ်နိုင်တစ်ပိုင်ကုမ္ပဏီက သူများလယ်ကွက်ထဲမှာကြီး တစ်နိုင်တစ်ပိုင်က” ဟု တော်စီကျေးရွာမှ ဦးဖိုးလုံးက ရှမ်းနီအသံကိုပြောကြားသည်။

၂ဝ၂ဝ ခုနှစ်တွင် မေလ ၁၀ ရက်နေ့တွင် တော်စီကျေးရွာနှင့် ခုံတန်းကြီးကျေးရွာကြားရှိ တော်စီကျေးရွာပိုင်ဒေါ်အီမိုးလယ်ကွက်အနီးတွင် တစ်နိုင်တစ်ပိုင်ရွှေမျှောများလာရောက်တူးဖော်မှုများပြုလုပ် ခဲ့သောကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ဌာနဆိုင်ရာများကို ကန့်ကွက်ကြောင်းစာပြန်လည်တင်ခဲ့သည်။

"နမ့်စကားချောင်းကနေဝင်ပြီးတိုက်တာ နမ့်စကားချောင်းရော ချောင်းဘေးဝဲယာရောမတိုက်ဖို့တားထားတာလေ ။ သူတို့အဓမ္မဝင်လို့တိုက်တာပေါ့ ။ သူတို့အထောက်အထားက ရှိလားမရှိဘူးလားဆိုတာမသိဘူး။ မြို့နယ်ကိုလည်း စာတင်ထားတယ်” ဟု ၎င်းကဆိုသည်။

မေလ ၂၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ထိုရွှေမျှောတူးဖော် နေမှုကို တိုင်တန်းစာ လာရောက်တင်ရန်ပြောဆိုသောကြောင့် သွားရောက်တင်ထားပြီဖြစ်ကြောင်း သိရသည်။

“ ရွှေ၊ သတ္ထုတူးဖော်ခွင့်ဧရိယာသတ်မှတ်ထားတာရှိတယ်။ ပြည်ထောင်စု အစိုးရကနေတိုင်းကိုချပေးထားတာ အဲ့ဒီအဝိုင်းအဝန်းထဲမှာပေါ့ သူတို့ သတ္ထုတူးဖော်ခွင့် ချပေးထားတဲ့အဝိုင်းအဝန်းထဲမှာပါရင်တော့ ကန့်ကွက်ဖို့ ရာခဲရင်းတယ်။ ဒါပေမဲ့လို့ ကန့်ကွက်မယ်ဆိုလည်းဖြစ်တယ်။ ဘာကိုမူတည်သလဲလို့ပြောရင် လုပ်ဆောင်တဲ့သူတွေပေါ်မှာမူတည်တယ်။ စွမ်းစွမ်းတမံနဲ့အားစိုက်ခွန်စိုက် လုပ်ဆောင်နိုင်ရင်တော့ အောင်မြင်နိုင်တယ်။ တားလို့ရတယ်။” ဟု တစ်နိုင်တစ်ပိုင်ရွှေလုပ်ကွက်များအရေးဆောင်ရွက်ပေးနေသူ ဒေါ်စန်းစန်းဝင်းကဆိုသည်။

တော်စီကျေးရွာသည် အိမ်ခြေ(110) ရှိပြီး လူဦးရေ(600)ကျော် ရှိပါသည်။လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်သည် ကျေးရွာရှိ လယ်ယာမြေကို မှီခိုနေရကြောင်းသိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...