အမ်းဒါးလက်-အလယ်ကျွန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၅ ဦး ပြန်လွှတ်လာခြင်းမရှိသေးဟုဆို

အမ်းဒါးလက်-အလယ်ကျွန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၅ ဦး ပြန်လွှတ်လာခြင်းမရှိသေးဟုဆို

ထွန်းခိုင် (တောင်ရင်းကျွန်း) — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာမှ စစ်တပ်မှ ဖမ်းဆီးခံရသူ ၁၅ ဦးမှာ ယနေ့ညနေ ၅ နာရီ အချိန်ထိ ပြန်လွှတ်လာခြင်း မရှိသေးကြောင်း အလယ်ကျွန်းကျေးရွာ ရာအိမ်မှူးက ပြောကြားသည်။

“ မနေ့ မနက်ကတော့ ဖမ်းထားတဲ့ ၁၅ ဦးထဲက ရွာသား ၄ ဦး ပြန်ရောက်လာပါတယ်။ ကျွန်တော်တို့က လွှတ်လာတယ်လို့ထင်တာပေါ့။ သူတို့ကို တပ်ကနေ ညနေပိုင်း အရောက်ပြန်လာဆိုတဲ့ အတွက် ပြန်သွားကြပါတယ်။ ဒီနေ့မှာတော့ တစ်ယောက်မှ ပြန်ရောက်လာတာ မရှိပါ” ဟု ရာအိမ်မှူးက ပြောကြားသည်။

မနေ့က ပြန်ရောက်လာသူ ၄ ဦးမှာ ဦးကျော်မောင်၊ ဦးကြည်လွင်၊ ဦးစိုးမြင့်နှင့် ဦးမင်းသီရိတို့ဖြစ်ကြသည်။

၎င်းတို့ လေးဦး အပါအဝင် ဒလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ရွာသား ၁၄ ဦးတို့သည် မေလ ၁၇ ရက်နေ့ ရွာမှ လှေဖြင့် ငါးရှာသွားသူ ရွာသားတစ်ဦး ပျောက်ဆုံးနေသဖြင့် လိုက်ရှာကြစဉ် မေလ ၁၈ ရက်နေ့က စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“ သူတို့ကို ခေါ်ထားတဲ့ တပ်က ကဇူးကိုင်းနားမှာ ရှိတယ်လို့ သိရပါတယ်။ ရွာကနေ ၇ ဖာလုံလောက် ဝေးမယ်လို့ ခန့်မှန်းရပါတယ်။ သူတို့ကို လိုအပ်လို့ ခေါ်ယူထားတယ်လို့ သိရပါတယ်။ မိသားစုတွေကတော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် မရိုက် မပုတ်လို့ကြားတယ်။ သူတို့က ဘာမှ အပြစ်မရှိပါ။ ဒီရွာက လူတွေ ဖြစ်ကြတဲ့ အတွက် စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

၎င်းတို့ ၁၄ ဦးနှင့်အတူ ငါးရှာသူ ရွာသားပါ အဖမ်းခံထားရပြီးတစ်ခြားရွားများ ဖြစ်ကြသည့် လိပ်ကုန်းနဲ့ ရှမ်းကုန်းကျေးရွာက ၄ ဦး ထိုအထဲတွင် ကျောင်းဆရာ တစ်ဦးပါဝင်ကြောင်း၊ ဇရကွင်းကျေးရွာမှ ၃ဦးလည်း ဖမ်းဆီးခံထားရသည်ဟု သိရှိရ ကြောင်း ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက “မနေ့က လေးယောက်လွှတ်လာတယ်ဆိုတာကိုတော့သိတယ်။ ဒါပေမယ့် သူတို့ပြန်သွားတာကိုတော့ မသိဘူး” ဟု ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...