ရပ်စောက် ဗထူး တပ်မြေ ဧက ၁သောင်း တပ်မှ ပြန်လည် စွန့်လွှတ်ပေး

ရပ်စောက် ဗထူး တပ်မြေ ဧက ၁သောင်း တပ်မှ ပြန်လည် စွန့်လွှတ်ပေး

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်နယ်မှ ဧက ၁သောင်း ကို ယနေ့ တပ်မှ ပြန်လည် စွန့်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ၁၉၆၂ ခုနစ် တွင် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ရှိ ကန်တော်မင်ဧရိယာအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ မြေဧက ၄ သောင်းကျော် တပ်မြေအဖြစ်သိမ်းဆည်းခဲ့ပြီး၊ ထိုထဲမှ ဧက ၁ သောင်းကျော်ကို မေ ၂၀ရက်နေ့တွင် တရားဝင် ပြန်လည် ပေးအပ်ခဲ့သည်။

ပြန်လည် စွန့်လွှတ်သည့် မြေ ဧက ၁ သောင်းကျော်သည် လေ့ကျင့်ရေးကွင်းနှင့် ကင်းလွှတ်သည့် နေရာများဖြစ်ပြီး ကျန်သည့် ဧက ၃ သောင်းကျော်သည် မီတာ ၆ ရာ စစ်ပစ်ကွင်း အပါအဝင် သေနတ်ပစ်ပြိုင်ပွဲများ အဖြစ် အသုံးပြုကြောင်း ဗထူးတပ်နယ် ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

“ကျန်တဲ့ ဧက ၃ သောင်းကျော်က ကျနော်တို့ စစ်ရေး လေ့ကျင့်ကွင်းတွေ၊ သင်တန်းကျောင်းတွေ၊ လေ့ကျင့်ရေးစခန်းတွေ အများကြီးပဲ ကျည်စစ် ကျည်မှန် တွေနဲ့ ပစ်ခတ်တဲ့အတွက် အဲ့ကြောင့်မလို့ ကျနော်တို့က အဲ့လောက် ဧရိယာ ယူထားခြင်း ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

စွန့်လွှတ်မြေ ဧကပေါင်း ၁ သောင်းကျော် သည် စိုက်ပျိုးမြေ အပါအဝင် မြေလွှတ် မြေလတ် မြေရိုင်းများ သစ်တောမြေ များ စသည်တို့ ပါဝင်ကြောင်း သိရသည်။

“စသိမ်း တုန်းက ကျနော်တို့ သင်တန်းတွေ အများကြီးသုံးခဲ့တယ်။ စစ်တက္ကသိုလ်ဖွင့်တယ် အရာရှိ သင်တန်းတွေဖွင့်တယ်။အမြောက်တွေ သံချပ်ကာတွေ လုပ်တဲ့အတွက် အဲ့ဒီဧက ၃ သောင်းကျော်က အကြုံးဝင်တယ်။” ဟု ဗထူူးတပ်နယ် ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

စိုက်ပျိုးမြေသည် တောင်သူပေါင်း ၁ ထောင်ကျော် ပိုင်ဆိုင်ထားသည့် မြေများဖြစ်ပြီး ၎င်းတို့သည် ပါမဲရွာ ၊ မားသဲရွာ ၊ ဖောင်းတောရွာ၊ မကျီးကန်းရွာ၊ လွယ်ကိုးရွာ ၊ ဟွေး ၊မြို့မကျေးရွာ အုပ်စုများပါဝင်သည်။

လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နားမွန်းကျေးရွာ တောင်သူများနှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တို့ မြေယာ အငြင်းပွားမှု ဖြစ်နေကြောင်းသိရသည်။

လွန်ခဲ့သည့် စစ်အစိုးရ လက်ထက်တွင် စစ်တပ်မှ ဒေသခံပြည်သူပိုင်မြေများစွာ သိမ်းဆည်းခဲ့ကာ ပြည်သူများ လယ်ယာ စိုက်ပျိုးရေး မလုပ်ကိုင်ရဘဲ စားဝတ်နေရေး ခက်ခဲ ကြကြောင်းသိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...