ဘူးသီးတောင်တွင် အရပ်သားတစ်ဦးကျည်ထိမှန်

ဘူးသီးတောင်တွင် အရပ်သားတစ်ဦးကျည်ထိမှန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာသားတစ်ဦး သေနတ်ကျည် ထိမှန်၍ ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ဖုံညိုလိပ်ကျေးရွာမှ အဘူးနော်ဆေး၊ ၃၂ နှစ်မှာ နေအိမ်အနီး လယ်ကွင်းတွင် မြေတူးနေစဉ် ခြေထောက်တွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

“သူကနေအိမ်အနီးလယ်ကွင်းမှာ မြေတူးနေတာ။ ထိပ်တူးပေါက်ကျေးရွာ တောင်ကုန်းပေါ်မှာနေရာယူထားတဲ့ စစ်တပ်ကပစ်လိုက်တာ။ ဒူးခေါင်းမှာထိသွားတယ်။ ကျည်ကဒူးခေါင်းထဲမှာရှိနေတယ်” ဟု ဒဏ်ရာရရှိသူ၏ဖခင် အီစမိုင်ကပြောသည်။

ထိုသို့ကျည်ထိမှန်ခဲသောလူနာအား ဘူးသီးတောင်ဆေးရုံသို့ ညအချိန်ယူဆောင်ရာတွင် စိုင်းဒင်တံတားတွင် စောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညဘက်ဖြစ်သဖြင့် သွားရောက်ခွင့်မပြုခဲ့ဘဲ တပ်ရင်းတွင်သာ တစ်ညအိပ်စေကာ ဆေးကုသပေးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဆိုသည်။

“မနေ့ည မိုးချုပ်သွားတော့ ဘူးသီးတောင်ကို ယူခွင့်မရတာနေမှာပါ။ စစ်တပ်ကဆေးကုပေးတယ်လို့ပြောတယ်။ သေနတ်က ဘယ်သူပစ်တာလည်းဆိုတာ ဘယ်သိပါ့မလဲ”ဟု ၎င်းကပြောသည်။

ထိပ်တူးပေါက်ကျေးရွာတောင်ကုန်းပေါ်တွင် နေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ညအချိန်တွင် နေ့စဉ် ပစ်ခတ်မှုများရှိနေကြောင်း အီစမိုင်က ဆိုသည်။

ယခုကဲ့သို့စွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...