မွန်ပြည်နယ်မှာ မိုးစပါးချေးငွေ ပြန်ဆပ်ရန် တောင်သူ ၂၀၀ ခန့် ကျန်ရှိ

မွန်ပြည်နယ်မှာ မိုးစပါးချေးငွေ ပြန်ဆပ်ရန် တောင်သူ ၂၀၀ ခန့် ကျန်ရှိ
ဘီလူးကျွန်း မိုးစပါး (MRTV)
ဘီလူးကျွန်း မိုးစပါး (MRTV)

အဂ္ဂနွန် — မွန်ပြည်နယ်အတွင်း မိုးစပါးချေးငွေ ပြန်ဆပ်ရန် တောင်သူလယ်သမား ဦးရေ ၂၀၀ ခန့် ကျန်ရှိနေသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မော်လမြိုင်ဘဏ်ခွဲ)ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောကြားသည်။

၂၀၁၉ ခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးထားသည့် တောင်သူလယ်သမား အနက်  ၂၀၀ ခန့်ကျန်နေသည်။

“မနှစ်ကတော့ ဒီချိန်ဆိုရင် ကျေနေပြီး ဒီနှစ်တော့ သိန်း ၂၀၀၀ လောက်ကျန်နေပါသေးတယ်၊ ဒါပေမယ့် ဒီနှစ်မှာတော့ ၉၉ ရာခိုင်းနှုန်းကျော်ပေးဆပ်ပြီးပြီ ဘီးလင်းတစ်မြို့နယ်မှာ သိန်း ၁၇၀၀၊ ၁၈၀၀ လောက်ကျန်တယ်၊ ကျန်တဲ့မြို့နယ်က ဆယ်ဂဏန်း ရာဂဏန်းလောက်ကျန်နေတယ်ပေါ့၊ ချေးငွေကာလ သတ်မှတ်ချက်က ဧပြီလကုန်ထိ ဒီကြားထဲမှာတော့ ကျေလိမ်မယ်လို့ ကျွန်တော် ထင်ပါတယ်။”ဟု ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

လက်ရှိချိန်တွင် ကိုဗစ်-၁၉ ကာလဖြစ်နေသော်လည်း ၉၉.၄၆ ရာခိုင်းနှုန်းအထိ ပေးဆပ်ပြီးစီးသောကြောင့် မွန်ပြည်နယ်မှာ အကောင်းဆုံးအနေအထားမှာ ရောက်ရှိနေကြောင်း၎င်းက ဆိုသည်။

ထို့ပြင် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် တောင်သူများသည် မေလကုန်ထိ ပြောင်းလဲသတ်မှတ်ထားပြီး မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အမြန်ဆုံးရရှိရန်  ဆောင်ရွက်နေကြောင်း သိရသည်။

“၂၀၁၉ မိုးချေးငွေ ကြွေးကျန်တောင်သူက အယောက် ၃၀ ရှိပါတယ်၊ ကြွေးကျန်တဲ့တောင်သူတွေကို မေလကုန်ထိပေါ့နော် ပေးဆပ်ဖို့အတွက် သတ်မှတ်ထားပါတယ်၊ အဲ့ရက်ကျော်သွားလို့ရှိရင် ဒဏ်အတိုးအနေနဲ့ တစ်ရာမှာ ၅၀ ပြားနှုန်း ဒဏ်အတိုးပေးဆောင်ရမှာဖြစ်ပါတယ်။” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် (ပေါင်မြို့နယ်ဘဏ်ခွဲ) မြို့နယ် မန်နေဂျာ ဒေါ်ယုယုခိုင် က ပြောသည်။

လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါရိုက်ခတ်မှုကြောင့် ချေးငွေပြန်လည်ပေးဆပ်ရမည့်ရက်ကို ပြောင်းလဲသတ်မှတ်လိုက်သည်။

 ၂၀၂၀ ခုနှစ် မိုးစပါးချေးကိုလည်း မေ ၁၈ ရက်နေ့က စတင်ပြီး စက်တင်ဘာလကုန်အထိ တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ထုတ်ချေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် မွန်ပြည်နယ်ရှိ တောင်သူ ၃၈၃၅၀ ဦး စိုက်ပျိုးဧက ၂၈၅၈၀၀ အတွက် ငွေကျပ် ၄၂ ဒဿမ ၈ ဘီလျံကို ထုတ်ချေးခဲ့ကြောင်း မြန်မာ့စိုက်ပျိုးရေးဘဏ်မှ သိရသည်။

ထို့ပြင် မိုးစပါးစိုက်ဧက ၅၇၀,၀၀၀ ကျော်စိုက်ပျိုးထားသည့်အနက် ပြီးခဲ့သည့် သြဂုတ်လအတွင်း မွန်ပြည်နယ်ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီးစပါးဧက ၈၇၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ၂၄၀၀၀ ဧကနီးပါးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...