မူဆယ်မြို့ တွင် မူးယစ်ဆေးနှင့် လက်နက်များ ဆက်တိုက် သိမ်းဆည်းရမိ

မူဆယ်မြို့ တွင် မူးယစ်ဆေးနှင့် လက်နက်များ ဆက်တိုက် သိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့တွင် ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်းသိရသည်။

မေ ၁၇ ရက် မနက်ပိုင်းက မူဆယ်မြို့ ရထိုက်လမ်းဆုံ နေရာတွင်  စိုးလှိုင် ဆိုသူမောင်းနှင်ပြီး  မင်းထက်ကျော်လင်း လိုက်ပါစီးလာသည့် ဆိုင်ကယ်ကို အာဏာပိုင်များ တားဆီးစစ်ဆေးရာ  သယ်ဆောင်လာသည့် အဝါရောင် ပီနံအိတ် အတွင်း ၌ WY စာတမ်းပါ စိတ်ကြွဆေးပြား ခန့်မှန်းခြေ ကျပ်သိန်း ၂၄၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၄င်းတို့ ၂ ဉီးအား အာဏာပိုင်များက မေးမြန်းပြီး ဆက်လက် ရှာဖွေရာ စိုးလှိုင် နေအိမ်တွင် စိတ်ကြွဆေးပြား  စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၆၀၀ ခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ယမန်နေ့က မူးယစ်ဆေး စုစုပေါင်း ကျပ်ငွေ ၆၀၀၀ ခန့် သိမ်းဆည်းရမိပြီး၊ မူဆယ်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့လွှဲပြောင်းကာ ဆက်လက်ဆောင်ရွက်နေကြေင်း သိရသည်။

မေ ၁၆ ရက် ည ၇ နာရီခန့်ကမူ မူဆယ်မြို့ သချိုင်းအနီး စစ်ဆေးရာ အမှိုက်ကျင်း မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသည့် လက်နက်များကို သိမ်းဆည်းရမိသေးကြောင်း မူဆယ်ရဲတပ်ဖွဲ့ကပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရိ အမျိုးအစား မောင်းပြန် ရိုင်ဖယ်၊ အမ် ၂၂ ရိုင်ဖယ် ၃ လက်၊ ကျည် ၁၀၂တောင့်၊ ဘာရက်တာ ပစ္စတို တလက်၊ ကျည် ၇တောင့်၊ ကြိုးဆွဲ လက်ဗစ်ဗုံး ၃လုံး၊ လက်ပစ်ဗုံး အသေး (ဖြူစ့်ပါ) ၂လုံး တို့ သိမ်းဆည်း ရမိကြောင်း သိရသည်။

ထို သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား လုပ်ထုံးလုပ်နည်း နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီးကွင်းဆက်များကို ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဟု လည်း မူဆယ်ရဲစခန်းက ပြောသည်။

မေ ၁၅ ရက်က မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀ဦးကျော်နှင့်အတူ မူးယစ်ဆေး ကျပ်သိန်း ၁၈၀၀၀ ကျော် နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သေးသည်။

မေလ အတွင်း မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှု  ၂ ကြိမ်ဖြစ်ပွားခဲ့ပါသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...