လီဒိုလမ်းတွင် အစိုးရမှလယ်ယာမြေဖော်ထုတ်ပေးရာတွင် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ်ရှိနေ

လီဒိုလမ်းတွင် အစိုးရမှလယ်ယာမြေဖော်ထုတ်ပေးရာတွင် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ်ရှိနေ

ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာအတွက် လယ်ယာမြေဖော်ထုတ်ပေးသည့်အစီစဉ်ကို နှောင်းမီ ကျေးရွာတွင် ဖော်ဆောင်နေသောကြောင့် ကျေးရွာ ၂ခုကြား အငြင်းပွားဖွယ်ဖြစ်လာဖွယ်ရှိသည်ဟု သိရသည်။

စံပြကျေးရွာ တောင်သူ ၂၅ဦးက မြေဧက ၂၅၀ ကို လယ်ယာမြေဖော်ထုတ်ပေးရန်၂၀၁၉ခုနှစ်တွင် တင်ပြ တောင်းဆိုခဲ့ကြကြောင်း စံပြကျေးရွာမှ တောင်သူတစ်ဦး ပြောသည်။

သို့သော်လည်း နှောင်းမီတွင်ဖော်ဆောင်နေသော လယ်ယာမြေဖော်ထုတ်ရေးအစီစဉ်ကို ဒေသခံတချို့က ကန့်ကွက်နေသည်။

“အစိုးရက ညွန်ကြားလာတဲ့ စာထဲမှာက နှောင်းမီဆိုပြီး ပါလာတယ်။ ကျနော်တို့ဘက်မှာ နှောင်းမီ စံပြ ကျေးရွာဆိုတာ မရှိဘူး။ ဒါပေမယ့် ကျနော်တို့က နှောင်းမီတောင်သူတွေအတွက် ခွဲဝေပေးဖို့ လယ်ယာမြေဖော်ထုတ် ပေးတယ်လို့ ဘဲထင်တာပေါ့။ ပြီးရင် ဒေသခံတောင်သူတွေကိုလည်း မြေဧက ခွဲပေးဖို့ အမည်စာရင်း ကောက်ယူတာ တွေလည်းရှိတယ်။ ဒါပေမယ့် အခုက စံပြကျေးရွာ တောင်သူ တွေကို ချပေးဖို့ ပြောဆိုလာတယ်။ ပြောချင်တာက နှောင်းမီကျေးရွာ မှာ လုပ်ခိုင်းပြီး စံပြကျေးရွာ တောင်သူတွေကို ပြန်ခွဲပေးမယ်ဆိုတာက လုံးဝမရားဘူး” ဟု နှောင်းမီဒေသခံ ဦးဆိုင်းအောင်က ပြောသည်။

ထို့အပြင် လက်ရှိ ဖော်ထုတ်ထားသည့် လယ်ယာမြေများမှာ မြေလွတ် မြေလတ် မြေရိုင်းမဟုတ်ဘဲ ဒေသခံတောင်သူများကိုယ်တိုင် ယုဇနကုမ္ပဏီမှ ပြန်လည်ရယူထားသော မြေနေရာဖြစ်သဖြင့် ခွဲဝေ မပေးနိုင်ကြောင်း သူကဆက်လက်ပြောဆိုသည်။

စံပြကျေးရွာ တောင်သူများကို နှောင်းမှီကျေးရွာတွင် မြေဧက ၂၀၀ခွဲဝေပေးရန် လယ်ယာမြေနှင့်ဆည်မြောင်းဝန်ကြီး၊ လီဆူရေးရာဝန်ကြီးနှင့် ပြည်နယ်မြေစားရင်း ဦးစီးမှူးတို့ ၃ဦး၏ လက်မှတ်ပါရှိသည့် ညွန်ကြားစာကို လွန်ခဲ့သော မတ်လတွင် နှောင်းမှီအုပ်ချုပ်ရေးမှူး ထံပေးပို့ခဲ့ကြောင်း သိရသည်။

စံပြကျေးရွာတောင်သူများသည်လည်း စားဝတ်နေရေး အလွန်ခက်ခဲသဖြင့် တနိုင်တပိုင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် တင်ပြခဲ့ခြင်းဖြစ်သောကြောင့် ခွဲဝေပေးသည့် မည်သည့်နေရာတွင်ဆို ရယူဖို့ရှိကြောင်း စံပြကျေးရွာမှ ဦးနော်ဖားလော်က ပြောသည်။

“ကျနော်တို့က အောက်ခြေမှာ စားဝတ်နေရေးအတွက် လုပ်စားဖို့ မြေယာတွေမရှိဘူး။ အဲ့ကြောင့် အစိုးရကို တနိုင်တပိုင်လုပ်စားရဖို့ မြေယာတွေဖော်ထုတ်ပေးဖို့တောင်းဆိုတာပေါ့။ အထက်ကသာ ဖော်ဆောင်ပေးတာဖြစ်တဲ့အတွက် ဘယ်လိုနေရာဘဲ ဖြစ်ဖြစ် အခက်အခဲမရှိပါဘူး။ အစိုးရရဲ့ ဆောင်ရွက်မှုကို လက်ခံဖို့ပါဘဲ”ဟု ပြောဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရသည် မေလ ၁၆ရက်နေ့ နှောင်းမီကျေးရွာသို့ ရောက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...