ထိုင်း၏အရေးပေါ် အမိန့်ထုတ်ပြန်မှုကြောင့် အလုပ်သမားနစ်နာမှုအချို့ရှိဟု အလုပ်သမားအရေး ဆောင်ရွက်သူ ဆို

ထိုင်း၏အရေးပေါ် အမိန့်ထုတ်ပြန်မှုကြောင့် အလုပ်သမားနစ်နာမှုအချို့ရှိဟု အလုပ်သမားအရေး ဆောင်ရွက်သူ ဆို
Photo: Nay Naw
Photo: Nay Naw

စအိုင်ဆူး — ထိုင်းနိုင်ငံ၌ လက်ရှိ အရေးပေါ်ကာလအတွင်း အလုပ်ရှင် အလုပ်သမားနှင့်ပတ်သက်၍ ထုတ်ပြန်သည့် ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အရေးပေါ်အမိန့်ကြောင့် အလုပ်သမားအချို့ နစ်နာမှုများရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

မေလ ၁၂ရက်နေ့ ထုတ်ပြန်သည့်အမိန့်အရ အရေးပေါ်ကာလအတွင်း ထိုင်းလုပ်ငန်းရှင်များ အလုပ်ပိတ် သိမ်းခြင်းကို တားမြစ်ထားသလို အလုပ်သမား ဝန်ထမ်းများ စုဝေး ဆန္ဒပြခြင်းကိုလည်း တားမြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် အရေးပေါ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူ အလုပ်သမား အချို့ နစ်နာမှုဖြစ် စေသည်ဟု မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“အခုမှစပြီး (အမိန့်)ကို ကြေညာတယ်ဆိုတော့ အများကြီးနောက်ကျနေပြီ။ ပြောရမယ်ဆိုရင် အလုပ်ရှင်တွေကို ဖိဖိစီးစီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရမှာတွေကို ပျက်ကွက်ခဲ့တယ်။ ရွှေ့ပြောင်း အလုပ်သမားတွေက အများကြီး နစ်နာ ဆုံးရှုံးပြီးတော့ ဒါနဲ့ ပတ်သက်ပြီး မိမိတို့အလုပ်ပြုတ်ခံရလို့ ဒေဝါလီခံပြီး လုပ်ငန်းတွေရပ်ဆိုင်းလို့ နစ်နာကြေး ပြန် တောင်းဖို့တွေ ဥပဒေပါ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုနဲ့ ပတ်သက်ပြီး လူစုရုံးပြီး ဆန္ဒမပြရလို့ အခု သတ်မှတ်ပြဌာန်းထားတာ ဖြစ်တဲ့အတွက် ဒီတင်းကြပ်တဲ့ ဥပဒေကြောင့် နစ်နာတဲ့ အလုပ်သမားတွေမှာ အခက်အခဲဖြစ်မ သွားပေဘူးလား” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အမိန့်ထုတ်ပြန်ကြေညာချက်သည် မေလ ၈ ရက်နေကစ၍ အသက်ဝင်သွားပြီးဖြစ်ကြောင်းနှင့် ၎င်း အမိန့်မထုတ်ခင်ကာလက လုပ်ငန်းပိတ်သိမ်းခဲ့သည့် လုပ်ငန်းများကို ပြန်ဖွင့်ရန် ညွှန်ကြားထားသလို ယခင်က အလုပ်မလုပ်နိုင်ကြောင်း သပိတ်မှောက်ခဲ့သည့် အလုပ်သမားများအနေဖြင့်လည်း အလုပ်ပြန်လုပ်ရန် ညွှန်ကြား ထားသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒီပြဌာန်းချက်ကို အရင်လတွေကတည်းက ထုတ်ပြန်သင့်တာ။ အခုမှဆိုရင် ရှေးရှေ့က အလုပ်ပြုတ်ခံသွားတဲ့ အလုပ်သမားတွေ၊ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကိုတော့ လျှော့ပေါ့သက်သာ ပြေလျှော့ပေးသင့်တယ်လို့ သုံးသပ်တယ်။” ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် ကိုဗစ်အရေးပေါ်ကာလ မတိုင်ခင်နှင့် အရေးပေါ် ကာလအတွင်း ပုံစံမျိုးစုံဖြင့် အလုပ်ပြုတ်၊ အလုပ် ဖြုတ်ခံရခြင်း နှင့် လုပ်သားအင်အား လျှော့ချခြင်းခံရသည့် အလုပ်သမားများအတွက် ထိုင်းဥပဒေပါ အလုပ်သမားခံစားခွင့်များ ရရှိရန် အတွက်လည်း မြန်မာအစိုးရဘက်မှ ထိုင်းအစိုးရဘက်သို့ ထိထိရောက်ရောက် တိုက်တွန်းသင့်ကြောင်းလည်း အလုပ်သ မားအရေး ဆောင်ရွက်သူများက တိုက်တွန်းပြောဆိုခဲ့သည်။

အဆိုပါ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အမိန့်ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိရုံးက အဆိုပါ အမိန့်ကြေညာစာမှာ ၎င်းတို့ ရုံးသို့ တရားဝင်ပေးပို့လာခြင်း မရှိသေးသည့်အပေါ် တစ်စုံတစ်ရာမှတ်ချက်ပေး မပြောဆိုနိုင်သေးကြောင်း ကေအိုင်စီသို့ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ယမန်နေ့က ထုတ်ပြန်ချက်အရ အလုပ်သမားဆက်ဆံရေး အက်ဥပဒေနှင့် အညီ အ လုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တင်းတင်းကြပ်ကြပ်လုပ်ကိုင်ရမည်ဖြစ်ပြီး အလုပ်သမားရေးရာကိစ္စများတွင် အ ငြင်းပွားမှုများရှိလာပါက အလုပ်သမားဆက်ဆံရေးကော်မတီက စီရင်ဆုံးဖြတ်မည် ဖြစ်သည်ဟုလည်း ပါရှိသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...