မူဆယ်မြို့ နှစ်ည ဆက်တိုက် ပေါက်ကွဲမှု ဖြစ်

မူဆယ်မြို့ နှစ်ည ဆက်တိုက် ပေါက်ကွဲမှု ဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင်  မေလ ၁၂ ရက်ည ၁၀နာရီ ဝန်းကျင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ကြောင်း မူဆယ်ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း ဗုံးပေါက်ကွဲမှုအသံသည် စွမ်စော်ရပ်ကွက် ပန်းဆေး ပြည်သူ့စစ်များနေထိုင်သည့် နေရာဘက်မှ လာကြောင်း လည်း မူဆယ် ဒေသခံများ ကပြောသည်။

“ဗုံးပေါက်ကွဲတဲ့ အသံ ၂ချက် ကြားတယ်။ ၁၀စက္ကန့်လောက်ပဲခြားတယ်။ သေနတ်သံလည်း ကြားတယ်။ သေချာတော့ မသိသေးဘူး” ဟု စိုင်းမောဝ်က ဆိုသည်။

ဆက်လက်ပြီး စွမ်စော်ဒေသခံ တဦး ပြောပြချက် အရ“ ပန်းဆေး ပြည်သူ့စစ်တွေရှိတဲ့နေရာဘက်က အသံပဲ။ ကျနော်တို့လည်း နေရာကို လိုက်ရှာနေတယ်။ ပန်းဆေး ဘက်ကလည်း တခါဖြစ်ပြီးဘူးတော့ အဲ့ဘက်လည်း လို့ထင်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် အလွန် ကျယ်လောင်သော်လည်း မည်သည့်နေရာတွင် ပေါက်သည်ကို တိကျစွာမသိရှိရပေ။

ထိုဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မူဆယ်မြို့ ရဲစခန်းကို သျှမ်းသံတော်ဆင့် က ကြိုးစားဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

မေလ ၁၁ ရက်ည ၈နာရီခွဲတွင်လည်း မူဆယ်မြို့ အဝင် တိုးဂိတ်တွင်ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...