အင်းထဲ ကျန်းမာရေး စောင့်ရှောက်မှု ယခုထိ အားနည်းနေဆဲ

အင်းထဲ ကျန်းမာရေး စောင့်ရှောက်မှု ယခုထိ အားနည်းနေဆဲ

နန်းဆိုင်ဖူး — သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ထဲရှိ အင်းခြံကေလာကျေးရွာအုပ်စုတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေဆဲ ဟု ဒေသခံများပြောပြချက်အရ သိရသည်။

အင်းလေးကန်ထဲရှိ အင်းခြံကလောကျေးရွာ အုပ်စုတွင်း ရွာ ၆ ရွာပေါင်းမှ မိခင်နှင့် ကလေးဌာနခွဲတစ်ခု တည်းသာရှိပြီး၊ သားဖွားဆရာမနှင့် အကူတဦး သာရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါက သားဖွားဆရာမ နှင့် အကူ တဦး ကို အင်းခြံကလော ကျေးရွာအုပ်စု အိမ်ခြေ ၉၀၀ ခန့်၊ အိမ်ထောင်စုပေါင်း ၁၄၀၀ ကျော်က အားကိုးနေရပြီး ကျေးရွာ ဆေးပေးခန်းမရှိသေးကြောင်း လည်း ဦးတင်ဆွေဦး က ပြောသည်။

“ကျနော်တို့ ရွာမှာ ကျန်းမာရေးနဲ့ ပတ်သက်လာရင် မိခင်ကလေးဌာနခွဲ တစ်ခုပဲရှိတယ်။ အဲ့ဒီမှာလည်း သားဖွား ဆရာမ တစ်ယောက် နဲ့ အကူ တစ်ယောက်ပဲ ရှိတယ်။ ဆရာဝန် တောင် မရှိဘူး” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး ကပြောသည်။

ကျေးရွာတွင်း ကျန်းမာရေဆေးပေးခန်း ရှိစေရန်အတွက် မြို့နယ်မှူးထံ လည်း တောင်းခဲ့ဖူးကြောင်း ဦးတင်ဆွေဦး ကပြောသည်။

“ကျေးရွာ အတွင်း ကျန်းမာရေး ဆေးပေးခန်းတောင်တာ မြို့နယ်မှူး က ပေးလို့မရဘူးပဲ ပြောတယ်။ ကျနော်တို့အနေနဲ့ ကျန်းကျန်းမာမာ နဲ့ သက်တမ်းစေ့ နေချင်တာပေါ့” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး ကပြောသည်။

ထို အင်းခြံကျေးရွာ အုပ်စု ထဲတွင် အရေးပေါ် နေမကောင်းလာပါက ကျန်းမာရေး ဆေးပေးခန်းမရှိ၊ ဆရာဝန်မရှိသဖြင့် အရေးပေါ် ဖြစ်လာပါက အခက်အခဲများစွာရင်ဆိုင်နေရကြောင်း၊ ညောင်ရွှေမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို သွားရသည်မှာလည်း ခက်ခဲကြောင်း အင်းဒေသခံများ ပြောပြချက် အရသိရသည်။

အင်းခြံကေလာကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၆ ရွာရှိသည့်အနက် ကေလာကျေးရွာ ဆိုသည့် ရွာတွင် ခရမ်းချဉ်သီး အများဆုံး စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...