ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများနှင့် ကိုရိုနာအရေး ဆွေးနွေးမည်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများနှင့် ကိုရိုနာအရေး ဆွေးနွေးမည်
ပုံစာ - ဧပြီလ ၂၁ ရက်နေ့က သေဆုံးသွားသော WHO ယာဉ်မောင်းအား မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က သယ်ဆောင်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
ပုံစာ - ဧပြီလ ၂၁ ရက်နေ့က သေဆုံးသွားသော WHO ယာဉ်မောင်းအား မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က သယ်ဆောင်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ အရှိန်မြင့်လာခြင်းနှင့် နိုင်ငံတွင်း ကိုရိုနာကပ်ရောဂါ ကူးစက်မှုအရေး အကျိုးသက်ရောက်ပုံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေးရန်အတွက် ဗြိတိန်က တောင်းဆိုခဲ့ခြင်းဖြစ်ကာ ဆွေးနွေးမှုကို ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာ ၏ သဘောထားအမြင်များကို ကြားနာမည်ဖြစ်သည်။

ဧပြီလကုန်ပိုင်းက မြန်မာအစိုးရ၏ ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝန်ထမ်းတစ်ဦး လိုက်ပါလာသည့် ယာဉ်တစ်စီးသည် ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခံခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့သည်။ အဆိုပါယာဉ်သည် WHO အမှတ်တံဆိပ် ကပ်ထားပြီး COVID-19 စစ်ဆေးရန် ဓာတ်ခွဲနမူနာများ သယ်ဆောင်လာသည့်ကား ဖြစ်သည်။

WHO ယာဉ် ပစ်ခတ်ခံရခြင်းအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ပွင့်လင်းမြင်သာသော စစ်ဆေးမှုဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုလိုက်ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။

ဤပစ်ခတ်မှုသည် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် အရပ်သားများကို အကာအကွယ်ပေးရန်၊ နှစ်ဘက် အပစ်အခတ်ရပ်စဲကြရန် တစ်ကမ္ဘာလုံးက တောင်းဆိုနေသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာအရေး နောက်ဆုံးဆွေးနွေးခဲ့သည်မှာ ပြီးခဲ့သော ဖေဖော်ဝါရီလက ဖြစ်သည်။ ထိုအချိန်က လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် စီစဉ်ခဲ့သော်လည်း မြန်မာအပေါ် အမြဲတမ်းထောက်ခံမှုပေးနေသည့် တရုတ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် အစီအစဉ် ပျက်ခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တပ် အေအေ တို့အကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး အကြမ်းဖက်မှုများသည် မြင့်တက်လျှက်ရှိသည်။ အကြမ်းဖက်မှုများနှင့် ပတ်သက်၍လည်း နှစ်ဘက်လုံးက ဝန်မခံဘဲ အပြန်အလှန်စွပ်စွဲလေ့ရှိသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ တည်းက အရှိန်မြင့်လာသည့် ရခိုင်တိုက်ပွဲများကြောင့် သေဆုံးသူ အများအပြားရှိနေပြီဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေသည်လည်း သိန်းချီရှိနေပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...