ပြည်သူ့လိုအပ်ချက်များအတွက် လှူဒါန်းမှုများပြုလုပ်သွားရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စီစဉ်

ပြည်သူ့လိုအပ်ချက်များအတွက် လှူဒါန်းမှုများပြုလုပ်သွားရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စီစဉ်

ကရင်ပြည်နယ်ရှိ ပြည်သူများ၏ လတ်တလောတွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တဖက် တလမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDPက ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် ပြည်နယ်အတွင်း တိုက်ပွဲရှောင် ပြည်သူများ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး စီမံ ချက်များအပြင် လက်ရှိပြည်နယ်အတွင်း နေရာတော်တော်များများတွင် ကြုံတွေ့နေရသည့် ရေပြတ်လပ်မှု အခြေအနေများအတွက် ကူညီနိုင်ရန် ပါတီအနေဖြင့် ယခုလို ဆုံးဖြတ်ခြင်းဖြစ်ကြောင်း KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“မေလ ၉ ရက်နေ့မှာ (ပါတီတွင်း)သီးသန့် အရေးပေါ်အစည်းအဝေးခေါ်ပြီးတော့  ပါတီအတွက် ဇောင်းပေးတာ မျိုးမဟုတ်ဘဲ တကယ့်စေတနာနဲ့ နိုင်သလောက် စုကြဆောင်းကြတာပေါ့။ ဒီတစ်ခေါက်က တစ်သောင်းကစ ၅ သိန်းအထိ လှူကြတာ ရှိတယ်လေ။ ဆက်လက်ပြီး လှူဒါန်းသွားဖို့လည်း ရှိပါတယ်။” ဟု ကေအိုင်စီသို့ မေလ ၁၂ ရက်တွင် ပြောသည်။

လိုအပ်သည့် နေရာများတွင် လှူဒါန်းရန်အတွက် ကောက်ခံရရှိသည့် ရံပုံငွေ ကျပ်သိန်း(၃၀) ကျော်အား မေလ ၁၀ ရက်နေ့တွင် ကမမောင်းမြို့နယ်ခွဲ၊ ဝါသိုခိုရွာရှိ တိုက်ပွဲရှောင်များအတွက် ဆန်အိတ်များ၊ ၁၁ ရက်နေ့တွင် ပြည်နယ်ကျန်းမာရေးမှူးမှတဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးစီမံချက်၊ ၁၂ ရက်နေ့တွင် လှိုင်း ဘွဲမြို့ နယ်၊ မြိုင်ကြီးငူရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်နှင့်အဝတ်အထည်များ လှူဒါန်းခဲ့ပြီဖြစ်သည်ဟု မန်းအောင်ပြည်စိုးက ဆက်ပြောသည်။  

ထို့အပြင် ရေရှားပါးနေသည့် ဖားအံမြို့နယ်ရှိ အနောက်ဖက်ကမ်း၌ ရသေ့ပျံ၊ ဘားကပ် ကျေးရွာအုပ်စုများနှင့် အရှေ့ဖက်ခြမ်း၌ သာမညဒေသများသို့ လာမည့်ရက်ပိုင်းအတွင်း ရေများသွားရောက်လှူဒါန်းသွားရန် စီစဉ်ထားကြောင်းလည်း KNDP တာဝန်ရှိသူများထံမှ သိရသည်။

ဖားအံမြို့နယ်ရှိ အင်းအိုင်၊ ရေတွင်းများမှ ရေများမည်းနက်သည့်အရောင်ပြောင်းလဲသည့်ကိစ္စဖြစ်ပေါ်ပြီးနောက် ပိုင်း ရေပြဿနာပူပန်ခဲ့ရသည့် ဒေသခံများအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ-KNDP မှ ဦးဆောင်၍ သောက်ရေနှင့်သုံးရေများကို သွားရောက် လှူဒါန်းခဲ့ဖူးသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...