မူဆယ် မြို့ဝင် တိုးဂိတ် ဗုံးပေါက်ကွဲခံရ

မူဆယ် မြို့ဝင် တိုးဂိတ် ဗုံးပေါက်ကွဲခံရ
Photo by Thaung Tun/ Facebook
Photo by Thaung Tun/ Facebook

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ အဝင် တိုးဂိတ် ၌ ယနေ့ ည ၈နာရီခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ ကုန်ကားတွေ များနေတော့ တိုးဂိတ်ကို ပိတ်ထားတာ။ အဲ့မှာ လူ ၂ ဦးဆိုင်ကယ် မောင်းလာပြီး အိတ်အနက်ရောင်ကို လာပစ်ချသွားတယ်။ ငွေကောက်နေတဲ့ ကလေးက ထွက်ပြေးပြီးသတင်းပို့နေချိန်မှာပဲ ပေါက်ကွဲသွားတာ။လူမထိဘူး” ဟု အဆိုပါ မျက်မြင်အမျိုးသားက ဆိုသည်။

ပေါက်ကွဲမှု ပြင်းထန်သော်လည်း လူထိခိုက်မှု တစုံတရာမရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် တိုးဂိတ် တခုလုံး ပျက်စီးသွားကြောင်းလည်း မူဆယ်မြို့ မှ အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်းတဦးက ပြောသည်။

“ဒီချိန်က အားလုံး မျက်နှာဖုံး၊နှာခေါင်းစည်း ( Mask) တပ်တော့ ဘယ်လို ပုံစံဆိုတာ ပြောရခက်တယ်။ ဒါပေမယ့် ကျနော်တို့ CCTV ပြန်ကြည့်နေကြပါတယ်” ဟု ၎င်း တာဝန်ရှိသူ က ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် အချိန်ကာလ ဖြစ်သည့် အလျောက် ဗုံးပေါက်ကွဲမှုကလည်း ဆက်တိုက်ဖြစ်နေသည့် အပေါ် စိုးရိမ်ထိတ်လန့်နေကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ အခုကာလက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်တဲ့ ကာလဖြစ်တယ်။ လူတွေကတော့ အပြင်မထွက်ပေမယ့်ဒီကလူတွေက ဗုံးလည်းလန့်ရ၊ ရောဂါလည်း လန့်နေရတယ်။ သတိတော့ရှိရတာပေါ့” ဟု မူဆယ်ဒေသခံ စိုင်းမောဝ် က ပြောသည်။

လွန်ခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း မူဆယ်မြို့ ဆက်သွယ်ရေးရုံးအနီးရှိ MPTရုံးခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ဧပြီ ၂၃ရက်တွင်လည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး ပေါက်ကွဲခံခဲ့ရသည်။

မူဆယ်မြို့ သည် တရုတ်နယ်စပ်မြို့ ဖြစ်ပြီး လက်ရှိ အချိန်ကာလတွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ မူဆယ်မြို့တွင် တထောင်ကျော် သောင်တင်နေသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...