ဖမ်းဆီးခေါ်ဆောင်ခံရသူ ပုဏ္ဏားကျွန်း- ဒိုးတန်းရွာသားများကို တပ်မတော်စစ်ကြောင်းမှ ပြန်လွှတ်လိုက်ပြီဟုဆို

ဖမ်းဆီးခေါ်ဆောင်ခံရသူ ပုဏ္ဏားကျွန်း- ဒိုးတန်းရွာသားများကို တပ်မတော်စစ်ကြောင်းမှ ပြန်လွှတ်လိုက်ပြီဟုဆို

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်းနှင့် ဒိုးတန်းရွာသစ်မှ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာသားများမှာ ပြန်လည် လွှတ်မြောက်လာပြီဟု သတင်းရရှိသည်။

ဒိုးတန်းရွာဟောင်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ကျေးရွာသား ၇ ဦးအား မေလ ၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးသုခက မိန့်ကြားသည်။

လွှတ်လာကြသူများမှာ ဒိုးတန်းရွာဟောင်းကျေးရွာမှ ဦးစောလှဦး (၆၀) နှစ်၊ ဦးစောသန်း (၄၅) နှစ်၊ ဦးမောင်ထွန်းစိုး (၅၅) နှစ်၊ ဦးလှအောင် (၄၅) နှစ်၊ ဦးလှထွန်းစိန် (၆၀) နှစ်၊ ဦးမောင်လှကြီး (၄၅) နှစ်နှင့် ဦးဝင်းချေ (၄၃) နှစ်တို့ ဖြစ်ကြသည်။

မေလ ၇ ရက်နေ့ကလည်း ဖမ်းဆီးခေါ်ဆောင်ခံရသူ ဒိုးတန်းရွာသစ်မှ ရွာသား ၁၁ ဦးအား တပ်မတော် စစ်ကြောင်းက မေလ ၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်က ပြောသည်။

အဆိုပါ ဒိုးတန်းရွာသစ်ကျေးရွာမှ ရွာသား ၁၁ ဦးတို့မှာ ဦးမောင်အေးသိန်း (၇၃)နှစ်၊ ဦးဆောက်လုံးချေ (၅၂)နှစ်၊ ဦးထွန်းအောင်ကျော် (၆၇)နှစ်၊ ဦးစိုးထွန်းအောင် (၆၃)နှစ်၊ ဦးရွှေသိန်းစိန် (၆၅)နှစ်၊ ဦးစိုးအောင်သိန်း (၆၀) နှစ်၊ ဦးသာဗန်း (၆၈)နှစ်၊ ဦးမောင်ဘစိန် (၆၅)နှစ်၊ ဦးသိန်းညွှန့်ချေ (၅၀)နှစ်၊ ဦးဦးထွန်းစိန် (၆၅)နှစ်နှင့် ဦးမောင်မြတ်သိန်း (၆၉)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒိုးတန်းအုပ်စုတွင် ဒိုးတန်းရွာသစ်နှင့် ဒိုးတန်းရွာဟောင်းဆိုပြီး ရွာနှစ်ရွာရှိကြောင်း၊ အိမ်ခြေ ၂၃၀ ကျော်နှင့် လူဦးရေ ၁၃၀၀ ခန့်ရှိကြောင်း၊ ယင်းထဲမှ ကျေးရွာသား ၁၁၀၀ ကျော်မှာ အနီးအနားရှိ ကျေးရွာများတွင် ထွက်ပြေးခိုလှုံလျှက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်က ပြောသည်။

ဒိုးတန်းရွာဟောင်းမှ ကျောင်းသားနှစ်ဦး ဖြစ်ကြသည့် မောင်ဝင်းမောင်သန်းမှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုထားသူနှင့် မောင်ပြည်ငြိမ်းအောင်မှာ နဝမတန်း စာမေးပွဲဖြေဆိုထားသူတို့မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် တစ်ခြားကျေးရွာမှ လူငယ် ၃ ဦးနှင့် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ သူငယ်ချင်းထံ စက်လှေဖြင့် အလည်သွားစဉ် မေလ ၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနားသို့ အရောက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယနေ့ထိ မိသားစုနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြောင်း မိခင်ဖြစ်သူ ဒေါ်ဒေါင်းယဉ်က ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...